ေဘာလခဲၿမိဳ႔နယ္ႏွင္႔ ဟိုပုံးၿမိဳ႔နယ္တို့၌ က်န္းမာေရး ေစာင္႔ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ ဟိုပုံးၿမိဳ႔နယ္ရွိ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအား အသားငါး၊ ၾကက္ဥ၊ ႏြားႏို့ႏွင္႔ ဟင္းသီးဟင္းရြက္မ်ား ေရာင္းခ်ေပး

ေဘာလခဲၿမိဳ႔နယ္ႏွင္႔ ဟိုပုံးၿမိဳ႔နယ္တို့၌ က်န္းမာေရး ေစာင္႔ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ ဟိုပုံးၿမိဳ႔နယ္ရွိ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအား အသားငါး၊ ၾကက္ဥ၊ ႏြားႏို့ႏွင္႔ ဟင္းသီးဟင္းရြက္မ်ား ေရာင္းခ်ေပး

ေနျပည္ေတာ္ စက္တင္ဘာ ၂ဝ

ကယားျပည္နယ္၊  ေဘာလခဲၿမိဳ႕နယ္၊ ခ်ိကြဲ႕ေက်းရြာ အေျခခံပညာ အထက္တန္း ေက်ာင္းခြဲရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္  အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌  က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသု႔ိ ေဆာင္ရြက္ေပးရာတြင္   ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အရပ္တိုင္းျခင္း၊ ေပါင္ ခ်ိန္ျခင္း၊ ေသြးအုပ္စု ခြဲျခားေပးျခင္း၊ ေက်ာင္းသား၊ ေက်ာင္းသူ ၂၁၅ ဦးႏွင့္ ေဒသခံျပည္သူ ၁၇ ဦးတို႔ကို သြားႏွင့္ ခံတြင္း ေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ ေသြးတိုး ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လို အပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ဟိုပုံးၿမိဳ႕၊ အမွတ္(၁)အေျခခံပညာ အထက္တန္းေက်ာင္းရိွ ေက်ာင္းသား၊ ေက်ာင္းသူ ၈၂ ဦးကို တိုင္းစစ္ ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ လိုအပ္သည့္ က်န္းမာေရး ေစာင့္ ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ အဆိုပါေက်ာင္းမွ ပညာေရးဝန္ထမ္းမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္း မိသားစုဝင္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားအား   ဟိုပုံးတပ္နယ္ရွိ နယ္ေျမခံ တပ္ရင္း/တပ္ဖြဲ႕မ်ား၏ စိုက္ပ်ဳိး၊ ေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္  ၾကက္သား ၂ဝ ပိႆာ၊ ၾကက္ဥ ၁၂ဝဝ လုံး၊ ႏြားႏို႔၃ဝ ပိႆာႏွင့္ ဟင္းသီးဟင္းရြက္မ်ား၊ တပ္ မေတာ္စက္႐ံုမ်ားမွ ထုတ္လုပ္သည့္ အဝတ္ အထည္၊ အစားအစာမ်ားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို   ျပင္ပ ေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးခ့ဲေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

ဘောလခဲမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား အသားငါး၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေး

နေပြည်တော် စက်တင်ဘာ ၂ဝ

ကယားပြည်နယ်၊  ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင်  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသု့ိ ဆောင်ရွက်ပေးရာတွင်   ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများကို အရပ်တိုင်းခြင်း၊ ပေါင် ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူ ၂၁၅ ဦးနှင့် ဒေသခံပြည်သူ ၁၇ ဦးတို့ကို သွားနှင့် ခံတွင်း ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လို အပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဟိုပုံးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၂ ဦးကို တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ လိုအပ်သည့် ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် အဆိုပါကျောင်းမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများအား   ဟိုပုံးတပ်နယ်ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့်  ကြက်သား ၂ဝ ပိဿာ၊ ကြက်ဥ ၁၂ဝဝ လုံး၊ နွားနို့၃ဝ ပိဿာနှင့် ဟင်းသီးဟင်းရွက်များ၊ တပ် မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ် အထည်၊ အစားအစာများနှင့် အသုံးအဆောင် ပစ္စည်းများကို   ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

Recent News