ေက်ာက္ေတာ္ၿမိဳ႔နယ္၊ ေတာင္ဦးေက်းရြာရွိ ေနအိမ္တစ္လံုးအတြင္းမွ လက္လုပ္မိုင္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီး ရမိ

ေက်ာက္ေတာ္ၿမိဳ႔နယ္၊ ေတာင္ဦးေက်းရြာရွိ ေနအိမ္တစ္လံုးအတြင္းမွ လက္လုပ္မိုင္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီး ရမိ

ေနျပည္ေတာ္  စက္တင္ဘာ  ၂ဝ

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ေဒသခံ ျပည္သူမ်ား၏ သတင္းေပးခ်က္ အရ စက္တင္ဘာ ၁၉ ရက္နံနက္ပိုင္းတြင္   ေတာင္ဦးေက်းရြာေန ဦးေမာင္ သာျဖဴ၏ ေနအိမ္အား သြားေရာက္ရွာေဖြရာ ဦးေမာင္သာျဖဴအား ေနအိမ္တြင္ မေတြ႕ရွိရဘဲ ဇနီးျဖစ္သူ ေဒၚမဲစိန္ ကို ေနအိမ္ ဂိုေဒါင္အတြင္း ပလတ္စတစ္အိတ္ျဖင ့္ထည့္ထားသည့္ ေဒသႏၲရ လက္လုပ္မိုင္း ေလးလံုး၊ သံေျငာင့္ ၂၉ ခုတို႔ႏွင့္ အတူ ဖမ္းဆီး ရမိခဲ့သည္။

အဆိုပါ ဖမ္းဆီးရမိသူအား   တိမ္ညိဳ ရဲကင္းစခန္းသို႔ ဆက္လက္ ပို႔ေဆာင္စဥ္ လင္းေျမြေတာင္၏ ေတာင္ဘက္ မီတာ ၃ဝဝဝ ခန္႔ အကြာသို႔ အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မွ ေႏွာင့္ယွက္ တုိက္ခိုက္ခဲ့သျဖင့္ ေဒၚမဲစိန္မွာ ထြက္ေျပး လြတ္ေျမာက္သြားခဲ့သည္။ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ၎တို႔၏ အမာ ခံမ်ား အေနျဖင့္ ေက်းရြာမ်ားအတြင္း အရပ္သား အသြင္ျဖင့္ ေနထုိင္ျခင္း၊ ေနအိမ္မ်ား၌ လက္နက္၊ ခဲယမ္းမ်ား သိမ္းဆည္း သိုဝွက္၍ လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားအား ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္း၊ မိုင္းေထာင္၊ မုိင္းဆြဲ တုိက္ခိုက္ျခင္းမ်ားအား ေဆာင္ရြက္လ်က္ ရွိေၾကာင္း  သိရသည္။

အထက္ပါ သိမ္းဆည္းရမိ မုိင္းမ်ားအား တိမ္ညိဳ ရဲကင္းစခန္း၌ အပ္ႏွံ၍ တရားခံမ်ား ဖမ္းဆီး ရမိေရးအတြက္ တရား ဥပေဒႏွင့္ အညီ ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

ကျောက်တော်မြို့နယ်၊ တောင်ဦးကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိ

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများ၏ သတင်းပေးချက် အရ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင်   တောင်ဦးကျေးရွာနေ ဦးမောင် သာဖြူ၏ နေအိမ်အား သွားရောက်ရှာဖွေရာ ဦးမောင်သာဖြူအား နေအိမ်တွင် မတွေ့ရှိရဘဲ ဇနီးဖြစ်သူ ဒေါ်မဲစိန် ကို နေအိမ် ဂိုဒေါင်အတွင်း ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း လေးလုံး၊ သံငြောင့် ၂၉ ခုတို့နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူအား   တိမ်ညို ရဲကင်းစခန်းသို့ ဆက်လက် ပို့ဆောင်စဉ် လင်းမြွေတောင်၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့် အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ နှောင့်ယှက် တိုက်ခိုက်ခဲ့သဖြင့် ဒေါ်မဲစိန်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာ ခံများ အနေဖြင့် ကျေးရွာများအတွင်း အရပ်သား အသွင်ဖြင့် နေထိုင်ခြင်း၊ နေအိမ်များ၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်၍ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများအား ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

အထက်ပါ သိမ်းဆည်းရမိ မိုင်းများအား တိမ်ညို ရဲကင်းစခန်း၌ အပ်နှံ၍ တရားခံများ ဖမ်းဆီး ရမိရေးအတွက် တရား ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News