




(Unicode Version)

အင်ဂျန်းယန်မြို့နယ် အတွင်း တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အတွင်း   လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင် ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဂွေထော်ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်နှင့် ပတ်ဝန်းကျင် နေရာတစ် ဝိုက်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်  အင်ဂျင် ငါးလုံး၊ ရေခရု သုံးလုံး၊ လည်ချောင်းပိုက် သုံး ချောင်း၊ မှုံအိုး တစ်လုံး၊ မီးစက် တစ်လုံး၊ မျောဖတ်၁ဝ လိပ်၊   ချိန်းဘလောက် တစ်ခုနှင့် ပိုက်ပျော့ နှစ်ခွေတို့ အား   ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ   တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား အင်ဂျန်းယန်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News