ဘူးသီးေတာင္ ၿမိဳ႕နယ္ရွိ တပ္ဌာနခ်ဳပ္တစ္ခုအား AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔က အေၾကာင္းမဲ့ ပစ္ခတ္ တိုက္ခိုက္

ဘူးသီးေတာင္ ၿမိဳ႕နယ္ရွိ တပ္ဌာနခ်ဳပ္တစ္ခုအား AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔က အေၾကာင္းမဲ့ ပစ္ခတ္ တိုက္ခိုက္

ေနျပည္ေတာ္  စက္တင္ဘာ  ၂ဝ

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဝါးခုတ္ေခ်ာင္းရွိ နယ္ေျမခံတပ္ဌာနခ်ဳပ္ တစ္ခုအား ယေန႔ညေန ၄ နာရီ ခန္႔တြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖဲြ႕ကတပ္ဌာနခ်ဳပ္၏ အေရွ႕ဘက္ေတာင္ေၾကာ ေနရာမွ Type 63 ၁ဝ၇ မီလီမီတာ အမ်ဳိး အစား  ဒုံးသီးေလးလုံးျဖင့္ အေၾကာင္းမဲ့ ပစ္ခတ္ တိုက္ခိုက္ခဲ့သျဖင့္ တပ္ဌာနခ်ဳပ္ရွိ လူေန အေဆာက္အအုံအခ်ဳိ႕ အနည္းငယ္ ထိခုိက္ပ်က္စီးခဲ့ၿပီး အျပစ္မဲ့ကေလးငယ္ ႏွစ္ဦး(မစုိးရိမ္ရ) ဒဏ္ရာ ရရွိခဲ့သည္။

တပ္မေတာ္ စစ္ေၾကာင္းမ်ား အေနျဖင့္ အဆုိပါေဒသ နယ္ေျမေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးအတြက္   လိုအပ္သည့္ လုံၿခံဳေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း  သတင္းရရွိသည္။

(Unicode Version)

ဘူးသီးတောင် မြို့နယ်ရှိ တပ်ဌာနချုပ်တစ်ခုအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးခုတ်ချောင်းရှိ နယ်မြေခံတပ်ဌာနချုပ် တစ်ခုအား ယနေ့ညနေ ၄ နာရီ ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကတပ်ဌာနချုပ်၏ အရှေ့ဘက်တောင်ကြော နေရာမှ Type 63 ၁ဝ၇ မီလီမီတာ အမျိုး အစား  ဒုံးသီးလေးလုံးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဌာနချုပ်ရှိ လူနေ အဆောက်အအုံအချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ကလေးငယ် နှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် အဆိုပါဒေသ နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်   လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

Recent News