ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဆားဘီးယားႏိုင္ငံရွိ ေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရျမန္မာဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားေရာက္ ဖူးေျမာ္၊ Belgrade City Museum သို႔သြားေရာက္ေလ့လာ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဆားဘီးယားႏိုင္ငံရွိ ေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရျမန္မာဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားေရာက္ ဖူးေျမာ္၊ Belgrade City Museum သို႔သြားေရာက္ေလ့လာ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၁

ဆားဘီးယားႏိုင္ငံသို႔ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနေသာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းသည္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ စက္တင္ဘာ ၁၉ ရက္နံနက္ပိုင္းတြင္ ဆားဘီးယားႏိုင္ငံႏိုဗီဆတ္ၿမိဳ႕ ခ်က္တႏိုစီေဒသရွိေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရျမန္မာဘုန္းေတာ္ႀကီးေက်ာင္းသို႔သြားေရာက္၍ သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ဝတၳဳေငြမ်ား ကို ဆက္ကပ္လွဴဒါန္းသည္။

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရ ျမန္မာဘုန္းေတာ္ႀကီးေက်ာင္းရွိ လန္ဒန္ ေက်ာင္းတိုက္လက္ေထာက္ဆရာေတာ္ ေဒါက္တာ  အရွင္ပညာဝံသအား ဖူးေျမာ္ ကန္ေတာ့ၿပီး ဆရာေတာ္ထံမွငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ထို႕ေနာက္ ဆရာေတာ္ထံအား သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ဝတၳဳေငြမ်ားကို ဆက္ကပ္ လွဴဒါန္းၾကၿပီး ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ အဖြဲ႕ဝင္မ်ား သည္ ဘုန္းေတာ္ႀကီးေက်ာင္းအတြင္း လွည့္လည္ၾကည္႐ႈၾက၍ အမွတ္တရသစ္ပင္ စိုက္ပ်ိဳးၾကၿပီး အမွတ္တရစုေပါင္း ဓါတ္ပံု႐ိုက္ၾကသည္။

အဆိုပါေအာက္စဖို႔ဒ္ ဗုဒၶဝိဟာရျမန္မာဘုန္းေတာ္ႀကီးေက်ာင္းသည္ဘဲလ္ဂရိတ္ၿမိဳ႕မွ ၅၀ ကီလိုမီတာ အကြာ၊ ႏိုဗီဆတ္ၿမိဳ႕မွ ၂၅ ကီလိုမီတာအကြာတြင္တည္ရွိၿပီး ၂၀၁၇ ခုႏွစ္ ၊ ဩဂုတ္ ၂၇ ရက္တြင္ တရားဝင္တည္ေဆာက္ဖြင့္လွစ္ခဲဲ့ျခင္းျဖစ္သည္။ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ လက္ေထာက္ဆရာေတာ္ ေဒါက္တာအရွင္ပညာဝံသဦးစီး၍ ျမန္မာသံဃာေတာ္ ၃ ပါး သီတင္းသံုး ေနထိုင္လ်က္ရွိၿပီး ႏိုင္ငံျခားသားသံဃာေတာ္အျဖစ္ ဆားဘီးယားႏိုင္ငံ Nis ၿမိဳ႕မွသံဃာေတာ္ ၁ ပါး သာသနာ့ေဘာင္ အတြင္း ဝင္ေရာက္ သီတင္းသံုးလ်က္ရွိသည္။ ၎အျပင္ စက္တင္ဘာ ၁၄ ရက္မွ ၂၁ ရက္အထိ တရားစခန္းဖြင့္လွစ္ေဆာင္ရြက္လ်က္ရွိၿပီး ခ႐ိုေအးရွားႏိုင္ငံမွ ေယာဂီအမ်ိဳးသား ၁ ဦး၊ အမ်ိဳးသမီး ၁ ဦး၊ ဆားဘီးယားႏိုင္ငံမွေယာဂီ အမ်ိဳးသား ၇ ဦး၊ အမ်ိဳးသမီး ၃ ဦး စုစုေပါင္း ေယာဂီ ၁၂ ဦး တရားစခန္း ဝင္ေရာက္၍ တရားေဒသနာေတာ္မ်ားအား အားထုတ္လ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ Belgrade City Museum သို႔ သြားေရာက္ ေလ့လာၾကသည္ ။

အဆိုပါ Belgrade City Museum သည္ ၁၉၉၉ ခုႏွစ္၌ဆားဘီးယားႏိုင္ငံအား NATO အဖြဲ႕က က်ဴးေက်ာ္တိုက္ခိုက္ျခင္း၏ ႏွစ္ ၂၀ ျပည့္အထိမ္းအမွတ္အျဖစ္ ဆားဘီးယား ကာကြယ္ေရး ဝန္ႀကီးဌာနႏွင့္ ဆားဘီးယားတပ္မေတာ္တို႔က ႀကီးမွဴးဖြင့္လွစ္ခဲ့ေသာျပခန္းျဖစ္သည္။  ၁၉၉၉ ခုႏွစ္ မတ္လ ၂၄ ရက္တြင္ NATO အဖြဲ႕ဝင္ ၁၉ ႏိုင္ငံမွ ကုလသမဂၢ၏ သေဘာတူခြင့္ျပဳခ်က္ ရယူျခင္း မရွိဘဲ ရန္လိုရက္စက္စြာ ဆားဘီးယားႏိုင္ငံအေပၚ ၇၈ ရက္ၾကာျမင့္စြာ ဗံုးႀကဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါတိုက္ခိုက္မႈေၾကာင့္ ဆားဘီးယားတပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕အပါအဝင္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္ ၁၀ဝ၈ ဦး က်ဆံုးခဲ့ကာ ကေလးငယ္မ်ားႏွင့္ အမ်ိဳသမီးမ်ား  အပါအဝင္ ျပည္သူ ၂၅၀ဝ ေက်ာ္ေသဆံုးခဲ့ရၿပီး ဆားဘီးယားႏိုင္ငံ၏ ကာကြယ္ေရးဝန္ႀကီးဌာန အေဆာက္အအံုအပါအဝင္ စက္႐ံု၊ အလုပ္႐ံုႏွင့္ လူေနအေဆာက္အအံုမ်ားစြာ ပ်က္စီးဆံုး႐ံႈးခဲ့ေၾကာင္း သိရွိရသည္ ။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းသည္ အဖြဲ႕ဝင္မ်ားႏွင့္အတူ Belgrade City Museum Defence 78 ျပခန္းမ်ားအတြင္း ျပသထားသည့္ ထိုအခ်ိန္ကဆားဘီးယားႏိုင္ငံ၏ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ား၊ ရန္သူ NATO အဖြဲ႕ေလယာဥ္မ်ားအား ပစ္ခ်ခဲ့ပံုမ်ား၊ စြန္႔လႊတ္စြန္႔စားစြာ ျပန္လည္တိုက္ခိုက္ခဲ့ၾကပံုမ်ား စသည္ တို႔ကို လွည့္လည္ၾကည့္႐ႈခဲ့ၿပီး ဧည့္သည္ေတာ္မွတ္တမ္းတြင္ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆားဘီးယားနိုင်ငံရှိ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ဖူးမြော်၊ Belgrade City Museum သို့သွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာ ၂၁

ဆားဘီးယားနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များ လိုက်ပါလျက် စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် ဆားဘီးယားနိုင်ငံနိုဗီဆတ်မြို့ ချက်တနိုစီဒေသရှိအောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ကို ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ မြန်မာဘုန်းတော်ကြီးကျောင်းရှိ လန်ဒန် ကျောင်းတိုက်လက်ထောက်ဆရာတော် ဒေါက်တာ  အရှင်ပညာဝံသအား ဖူးမြော် ကန်တော့ပြီး ဆရာတော်ထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ထံအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဘုန်းတော်ကြီးကျောင်းအတွင်း လှည့်လည်ကြည်ရှုကြ၍ အမှတ်တရသစ်ပင် စိုက်ပျိုးကြပြီး အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကြသည်။

အဆိုပါအောက်စဖို့ဒ် ဗုဒ္ဓဝိဟာရမြန်မာဘုန်းတော်ကြီးကျောင်းသည်ဘဲလ်ဂရိတ်မြို့မှ ၅၀ ကီလိုမီတာ အကွာ၊ နိုဗီဆတ်မြို့မှ ၂၅ ကီလိုမီတာအကွာတွင်တည်ရှိပြီး ၂၀၁၇ ခုနှစ် ၊ ဩဂုတ် ၂၇ ရက်တွင် တရားဝင်တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းတွင် လက်ထောက်ဆရာတော် ဒေါက်တာအရှင်ပညာဝံသဦးစီး၍ မြန်မာသံဃာတော် ၃ ပါး သီတင်းသုံး နေထိုင်လျက်ရှိပြီး နိုင်ငံခြားသားသံဃာတော်အဖြစ် ဆားဘီးယားနိုင်ငံ Nis မြို့မှသံဃာတော် ၁ ပါး သာသနာ့ဘောင် အတွင်း ဝင်ရောက် သီတင်းသုံးလျက်ရှိသည်။ ၎င်းအပြင် စက်တင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ တရားစခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ခရိုအေးရှားနိုင်ငံမှ ယောဂီအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ဆားဘီးယားနိုင်ငံမှယောဂီ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ယောဂီ ၁၂ ဦး တရားစခန်း ဝင်ရောက်၍ တရားဒေသနာတော်များအား အားထုတ်လျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် Belgrade City Museum သို့ သွားရောက် လေ့လာကြသည် ။

အဆိုပါ Belgrade City Museum သည် ၁၉၉၉ ခုနှစ်၌ဆားဘီးယားနိုင်ငံအား NATO အဖွဲ့က ကျူးကျော်တိုက်ခိုက်ခြင်း၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆားဘီးယား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆားဘီးယားတပ်မတော်တို့က ကြီးမှူးဖွင့်လှစ်ခဲ့သောပြခန်းဖြစ်သည်။  ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်တွင် NATO အဖွဲ့ဝင် ၁၉ နိုင်ငံမှ ကုလသမဂ္ဂ၏ သဘောတူခွင့်ပြုချက် ရယူခြင်း မရှိဘဲ ရန်လိုရက်စက်စွာ ဆားဘီးယားနိုင်ငံအပေါ် ၇၈ ရက်ကြာမြင့်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဆားဘီးယားတပ်မတော်နှင့် ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ဝ၈ ဦး ကျဆုံးခဲ့ကာ ကလေးငယ်များနှင့် အမျိုသမီးများ  အပါအဝင် ပြည်သူ ၂၅၀ဝ ကျော်သေဆုံးခဲ့ရပြီး ဆားဘီးယားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံအပါအဝင် စက်ရုံ၊ အလုပ်ရုံနှင့် လူနေအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ Belgrade City Museum Defence 78 ပြခန်းများအတွင်း ပြသထားသည့် ထိုအချိန်ကဆားဘီးယားနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ရန်သူ NATO အဖွဲ့လေယာဉ်များအား ပစ်ချခဲ့ပုံများ၊ စွန့်လွှတ်စွန့်စားစွာ ပြန်လည်တိုက်ခိုက်ခဲ့ကြပုံများ စသည် တို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News