မခ်မ္းေဘာ့ၿမိဳ႔နယ္၊ ထရန္ဒမ္းေက်းရြာ၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မခ်မ္းေဘာ့ၿမိဳ႔နယ္၊ ထရန္ဒမ္းေက်းရြာ၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၂၁

ကခ်င္ျပည္နယ္၊ မခ်မ္းေဘာ့ၿမိဳ႕နယ္၊ ထရန္ဒမ္းေက်းရြာ၊ အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား စက္တင္ဘာ၂ဝ ရက္ နံနက္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က  အဆုိပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူ ၄၂၆ ဦးႏွင့္ ေဒသခံျပည္သူ ၉၇ ဦးတုိ႔ကို အ႐ုိး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး မုိးရာသီတြင္ အျဖစ္မ်ားေသာ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါႏွင့္ တစ္ကိုယ္ေရ သန္႔ရွင္းေရးဆုိင္ရာ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။        

(Unicode Version)

မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၂၁

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ၂ဝ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးနှင့် ဒေသခံပြည်သူ ၉၇ ဦးတို့ကို အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး မိုးရာသီတွင် အဖြစ်များသော ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

Recent News