ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမျဖစ္ေသာ မႏၱေလးနန္းၿမိဳ႕၌ သန့္ရွင္းေရး ျပဳလုပ္

ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမျဖစ္ေသာ မႏၱေလးနန္းၿမိဳ႕၌ သန့္ရွင္းေရး ျပဳလုပ္

ေနျပည္ေတာ္ စက္တင္ဘာ ၂၁

မႏၲေလးတုိင္းေဒသႀကီး အတြင္းရွိ ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမျဖစ္ေသာ မႏၲေလးနန္းၿမိဳ႕ သန္႔ရွင္းသာယာလွပေရး အတြက္ ယေန႔နံနက္ပုိင္းတြင္ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ မႏၲေလးတပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သား မ်ားက မင္းႀကီးကိုးပါး႐ုပ္တု၊ မင္းတုန္းမင္းတရားႀကီး၏ နန္းမေတာ္ မိဖုရားႀကီး ေျမနန္းျပာသာဒ္ေဆာင္၊ ဥပုသ္ေတာ္ေဆာင္၊ ဒဂၤါးသြန္းစက္႐ံုႏွင့္ ျမနန္းစံေက်ာ္ ေရႊနန္းေတာ္ေျမာက္ဘက္ ေျမာက္ဥယ်ာဥ္ အတြင္း/အျပင္ရွိ  ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ အမႈိက္မ်ား ရွင္းလင္းျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရႏုတ္ေျမာင္းမ်ား တူးေဖာ္ေပးျခင္းစသည့္ သန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လိုအပ္သည္မ်ား   ညိႇႏႈိင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သော မန္တလေးနန်းမြို့၌ သန့်ရှင်းရေး ပြုလုပ်

နေပြည်တော် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဖြစ်သော မန္တလေးနန်းမြို့ သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံ တပ်မတော်သား များက မင်းကြီးကိုးပါးရုပ်တု၊ မင်းတုန်းမင်းတရားကြီး၏ နန်းမတော် မိဖုရားကြီး မြေနန်းပြာသာဒ်ဆောင်၊ ဥပုသ်တော်ဆောင်၊ ဒင်္ဂါးသွန်းစက်ရုံနှင့် မြနန်းစံကျော် ရွှေနန်းတော်မြောက်ဘက် မြောက်ဥယျာဉ် အတွင်း/အပြင်ရှိ  ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ   ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News