ပုသိမ္ၿမိဳ႔ရွိ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ပုသိမ္ၿမိဳ႔ရွိ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၂၁

ဧရာဝတီတုိင္း ေဒသႀကီး၊ ပုသိမ္ၿမိဳ႕ရွိ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆး ကုသေရးအဖြဲ႕က ဧရာဝတီတုိင္း ရဲတပ္ဖြဲ႕မွဴး႐ံုး၊  သင္တန္းခန္းမ၌  က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္ ၁၅၂ ဦးတုိ႔ကို ေသြးတုိးေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြ ေရာဂါတို႔ႏွင့္ ပတ္သက္၍  လုိအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္း၊ ECG စက္ျဖင့္   ႏွလံုးစမ္းသပ္ စစ္ေဆးျခင္းႏွင့္ Ultrasound  စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ရဲဝင္းဦးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး လုိအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ပုသိမ်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၂၁

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး၊  သင်တန်းခန်းမ၌  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၅၂ ဦးတို့ကို သွေးတိုးရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECG စက်ဖြင့်   နှလုံးစမ်းသပ် စစ်ဆေးခြင်းနှင့် Ultrasound  စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News