ေတာင္ငူၿမိဳ႔ႏွင္႕ေရႊက်င္ၿမိဳ႔နယ္တုိ႕၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္ငူၿမိဳ႔ႏွင္႕ေရႊက်င္ၿမိဳ႔နယ္တုိ႕၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   စက္တင္ဘာ   ၂၁

ပဲခူးတုိင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕၊ ဇရပ္ကြင္းေက်းရြာရွိ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူ ၁၄၇ ဦးတုိ႔ကို ေသြးတုိးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ႏွလံုးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ စစ္ေဆးျခင္းႏွင့္  Ultrasound စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လုိအပ္သူ ငါးဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗုိလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး မ်က္စိေဝဒနာရွင္မ်ားကို ေဆးမ်က္မွန္မ်ား တပ္ဆင္ေပးျခင္းႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆုိပါေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္    ဘဒၵႏၲနႏၵိယအား ဖူးေျမာ္၍ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ေရႊက်င္ၿမိဳ႕နယ္၊ ေမာင္း႐ံုေက်းရြာရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၉၃ ဦးႏွင့္ ေဒသခံျပည္သူ ၁၈၅ ဦးတုိ႔ကို အဆုိပါ ေက်းရြာရွိ ဓမၼသုခ ဘုန္းေတာ္ႀကီးေက်ာင္း၌ အေရျပားေရာဂါ၊ နားေရာဂါ၊ မ်က္စိေရာဂါ၊ ေသြးတုိးေရာဂါ၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ေရႊက်င္တပ္နယ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက ေရႊက်င္ေခ်ာင္းေရ ဝင္ေရာက္ခဲ့သည့္ ေမာင္း႐ံုေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ ႏုန္းေျမမ်ား၊ သဲမ်ားႏွင့္ အမႈိက္မ်ား ဖယ္ရွားရွင္းေပးျခင္း၊ စာသင္ခံုမ်ား၊ သင္ေထာက္ကူပစၥည္းမ်ား ေဆးေၾကာေနရာ ခ်ထားေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တောင်ငူမြို့နှင့်ရွှေကျင်မြို့နယ်တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဇရပ်ကွင်းကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၄၇ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးခြင်းနှင့်  Ultrasound စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ငါးဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်စိဝေဒနာရှင်များကို ဆေးမျက်မှန်များ တပ်ဆင်ပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော်    ဘဒ္ဒန္တနန္ဒိယအား ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရွှေကျင်မြို့နယ်၊ မောင်းရုံကျေးရွာရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၃ ဦးနှင့် ဒေသခံပြည်သူ ၁၈၅ ဦးတို့ကို အဆိုပါ ကျေးရွာရှိ ဓမ္မသုခ ဘုန်းတော်ကြီးကျောင်း၌ အရေပြားရောဂါ၊ နားရောဂါ၊ မျက်စိရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ရွှေကျင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ရွှေကျင်ချောင်းရေ ဝင်ရောက်ခဲ့သည့် မောင်းရုံကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ နုန်းမြေများ၊ သဲများနှင့် အမှိုက်များ ဖယ်ရှားရှင်းပေးခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ဆေးကြောနေရာ ချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Recent News