ဘုတ္ျပင္းၿမိဳ႔နယ္၊ ဟန္ကဒိုင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ဘုတ္ျပင္းၿမိဳ႔နယ္၊ ဟန္ကဒိုင္းေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ စက္တင္ဘာ ၂၁

တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိိဳ႕နယ္၊ ကရသူရိၿမိဳ႕၊ ဟန္ကဒိုင္းေက်းရြာရွိ ေဒသခံျပည္သူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား စက္တင္ဘာ ၂ဝ ရက္ နံနက္ပိုင္းတြင္ ကမ္း႐ိုး တန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ေဒသခံျပည္သူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၁ဝ၅ ဦးတုိ႔ကုိ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အေရျပားေရာဂါ၊ အစာအိမ္ေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္း ဆိုင္ရာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ Ultrasound  စက္ျဖင့္ ေရာဂါရွာေဖြ ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး  ေသြးလြန္တုပ္ေကြး ေရာဂါအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း  သတင္း ရရွိသည္။

(Unicode Version)

ဘုတ်ပြင်းမြို့နယ်၊ ဟန်ကဒိုင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကဒိုင်းကျေးရွာရှိ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာ ၂ဝ ရက် နံနက်ပိုင်းတွင် ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁ဝ၅ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ Ultrasound  စက်ဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  သွေးလွန်တုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

Recent News