ဝိုင္းေမာ္ၿမိဳ႔နယ္၊ ေရႊေညာင္ပင္လမ္းဆံု၌ မူးယစ္ေဆးဝါး သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီး ရမိ

ဝိုင္းေမာ္ၿမိဳ႔နယ္၊ ေရႊေညာင္ပင္လမ္းဆံု၌ မူးယစ္ေဆးဝါး သယ္ေဆာင္လာသူမ်ားအား ဖမ္းဆီး ရမိ

ေနျပည္ေတာ္ စက္တင္ဘာ ၂၁

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ျမစ္ႀကီးနား-ဗန္းေမာ္သြား ကားလမ္း၊ ေရႊေညာင္ပင္လမ္းဆံု၌ စစ္ေဆးမႈမ်ား ေဆာင္ရြက္စဥ္ စက္တင္ဘာ ၁၉ ရက္ ညေန ၃ နာရီခန္႔တြင္ ဗန္းေမာ္ဘက္မွ ျမစ္ႀကီးနားဘက္သို႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္ႏွစ္စီးအား ရပ္တန္႔စစ္ေဆးရာ ေနာ္ဒင္(ဘ) ဦးေဘာမ္ယိန္း ေမာင္းႏွင္လာသည့္ MITSUBISHI CHARIOT GRANDIS အမ်ဳိးအစား ယာဥ္အမွတ္  YGN-9D/-------- ေမာ္ေတာ္ယာဥ္ေပၚမွ ဆပ္ျပာခြက္  ၂ဝ၅  ခြက္ျဖင့္ ထည့္ထားသည့္ ဘိန္းျဖဴ ၂ဝ၅ဝ ဂရမ္ခန္႔ႏွင့္ ေဇာ္နန္(ဘ)   ဦးလေခ်ာင္ ေမာင္းႏွင္လာသည့္ MITSUBISHI CHARIOT GRANDIS အမ်ဳိးအစား ယာဥ္အမွတ္ YGN-9D/----- ေမာ္ေတာ္ယာဥ္ေပၚမွ ဆပ္ျပာခြက္ ၂ဝဝ ခြက္ျဖင့္ထည့္ထားသည့္ ဘိန္းျဖဴ ၂ဝဝဝ ဂရမ္ခန္႔(စုစုေပါင္း ခန္႔မွန္းတန္ဖိုးေငြ က်ပ္ သိန္းေပါင္း ၃၃ဝဝ ေက်ာ္)ႏွင့္အတူ ဖမ္းဆီး ရမိခဲ့သည္။

အဆိုပါမူးယစ္ေဆးဝါးမ်ား၊ ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား  တရားဥပေဒအရ    အမႈဖြင့္ အေရးယူႏိုင္ရန္   ဝိုင္းေမာ္ၿမိဳ႕မ ရဲစခန္းသို႔  စနစ္တက် လႊဲေျပာင္း အပ္ႏွံခဲ့ေၾကာင္း   သတင္းရရွိသည္။

(Unicode Version)

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီး ရမိ

နေပြည်တော် စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်း၊ ရွှေညောင်ပင်လမ်းဆုံ၌ စစ်ဆေးမှုများ ဆောင်ရွက်စဉ် စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဗန်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ နော်ဒင်(ဘ) ဦးဘောမ်ယိန်း မောင်းနှင်လာသည့် MITSUBISHI CHARIOT GRANDIS အမျိုးအစား ယာဉ်အမှတ်  YGN-9D/-------- မော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက်  ၂ဝ၅  ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂ဝ၅ဝ ဂရမ်ခန့်နှင့် ဇော်နန်(ဘ)   ဦးလချောင် မောင်းနှင်လာသည့် MITSUBISHI CHARIOT GRANDIS အမျိုးအစား ယာဉ်အမှတ် YGN-9D/----- မော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂ဝဝ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၂ဝဝဝ ဂရမ်ခန့်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်းပေါင်း ၃၃ဝဝ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူများအား  တရားဥပဒေအရ    အမှုဖွင့် အရေးယူနိုင်ရန်   ဝိုင်းမော်မြို့မ ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း   သတင်းရရှိသည်။

Recent News