



(Unicode Version)

ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်ရှိ အထင်ကရ နေရာများသို့လာရောက်လေ့လာ

နေပြည်တော်  စက်တင်ဘာ  ၂၁

နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ရန် အတွက် ရောက်ရှိလာသော တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်နှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)တို့မှ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် သူရဲကောင်း ဗိမာန်(နေပြည်တော်)တို့သို့ သွားရောက်ဖူးမြော် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News