



(Unicode Version)

စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ နေပြည်တော်ရှိ အထင်ကရ နေရာများသို့လာရောက်လေ့လာ

နေပြည်တော်  အောက်တိုဘာ  ၅

နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ရန်အတွက် ရောက်ရှိလာသော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆၂)မှ  တတိယနှစ်ဗိုလ်လောင်းများသည်  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့တွင်အ ဖွဲ့နှစ်ဖွဲ့ ခွဲကာ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် သူရဲကောင်းဗိမာန်(နေပြည်တော်) တို့သို့ သွားရောက် ဖူးမြော်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။  

Recent News