




(Unicode Version)

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပေါင်းကူးဉာဏ ရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပေါင်းကူး ဉာဏ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရပ်ကွက် များမှ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က  အဆိုပါရပ်ကွက်ရှိ  ဓမ္မဝိဟာရ ဓမ္မာ ရုံ၌  ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄၃ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ အရိုး/ အကြောရောဂါ၊ ကလေးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။     

Recent News