




(Unicode Version)

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ   ၈

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်၊ စမ်းလှမ်းကျေးရွာမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အဏ္ဏဝါ အလင်းတန်း စာကြည့် တိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၀၈ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ် ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။   

 

Recent News