ေရႊေညာင္ၿမိဳ႔နယ္၊ ဆည္လဲရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေရႊေညာင္ၿမိဳ႔နယ္၊ ဆည္လဲရပ္ကြက္၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ေအာက္တိုဘာ ၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေရႊေညာင္ၿမိဳ႕နယ္၊ ဆည္လဲရပ္ကြက္ႏွင့္ ပတ္ဝန္းက်င္ ရပ္ကြက္မ်ားမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆိုပါရပ္ကြက္ရွိ ေအာင္ေျမသာဓမၼာ႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသားျပည္သူ ၁၁၂ ဦးတို႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ ေသြးတိုးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊   အဆစ္အမ်က္ေရာင္ေရာဂါ၊ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး  စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူႏွစ္ဦးကို   ေတာင္ႀကီးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔  တက္ေရာက္ကုသႏုိင္ေရး   စီစဥ္ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။            

(Unicode Version)

ရွှေညောင်မြို့နယ်၊ ဆည်လဲရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့နယ်၊ ဆည်လဲရပ်ကွက်နှင့် ပတ်ဝန်းကျင် ရပ်ကွက်များမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ အောင်မြေသာဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၂ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊   အဆစ်အမျက်ရောင်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး  စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူနှစ်ဦးကို   တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံသို့  တက်ရောက်ကုသနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။           

Recent News