အမရပူရၿမိဳ႔နယ္၊ ေခ်ာင္းခြေက်းရြာအနီး၌ ခဲယမ္းမ်ား ေတြ႔ရွိ

အမရပူရၿမိဳ႔နယ္၊ ေခ်ာင္းခြေက်းရြာအနီး၌ ခဲယမ္းမ်ား ေတြ႔ရွိ

ေနျပည္ေတာ္   ေအာက္တိုဘာ   ၈

မႏၲေလးတုိင္းေဒသႀကီး၊  အမရပူရၿမိဳ႕နယ္၊ ေခ်ာင္းခြေက်းရြာအနီး  အမဲ႐ိုးေခ်ာင္းစပ္၌  က်ည္ဆန္မ်ားေတြ႕ရွိေၾကာင္း သတင္းအရ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးရာ  အဆိုပါေခ်ာင္းစပ္အနီး   ေရစိုေနေသာ လက္ဆြဲအိတ္ အျပာအတြင္းမွ ပြိဳင့္-၂၂ က်ည္ ၅ဝ ေတာင့္ပါ ၂၂ ဘူး (၁၁ဝဝ ေတာင့္)၊  ပြိဳင့္-၂၂ ပို႔က်ည္ ၈ဝ ေတာင့္၊ ေလေသနတ္ခဲသီး ထည့္ထားသည့္    သံဘူး တစ္ဘူး၊  ေလေသနတ္ဖန္သီးက်ည္မ်ား ထည့္ထားသည့္  ေကာ္ဘူးတစ္ဘူးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

အဆိုပါသိမ္းဆည္းရမိ ခဲယမ္းမ်ားအား နယ္ေျမခံတပ္သို႔ အပ္ႏွံ၍ လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္း ရရွိသည္။      

(Unicode Version)

အမရပူရမြို့နယ်၊ ချောင်းခွကျေးရွာအနီး၌ ခဲယမ်းများ တွေ့ရှိ

နေပြည်တော်   အောက်တိုဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ်၊ ချောင်းခွကျေးရွာအနီး  အမဲရိုးချောင်းစပ်၌  ကျည်ဆန်များတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ  အဆိုပါချောင်းစပ်အနီး   ရေစိုနေသော လက်ဆွဲအိတ် အပြာအတွင်းမှ ပွိုင့်-၂၂ ကျည် ၅ဝ တောင့်ပါ ၂၂ ဘူး (၁၁ဝဝ တောင့်)၊  ပွိုင့်-၂၂ ပို့ကျည် ၈ဝ တောင့်၊ လေသေနတ်ခဲသီး ထည့်ထားသည့်    သံဘူး တစ်ဘူး၊  လေသေနတ်ဖန်သီးကျည်များ ထည့်ထားသည့်  ကော်ဘူးတစ်ဘူးနှင့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ ခဲယမ်းများအား နယ်မြေခံတပ်သို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။             

      

Recent News