




(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

နေပြည်တော်  အောက်တိုဘာ  ၈

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာနေ ခင်မောင်ဝင်း (ဘ) ဦးမောင်ခင်သိန်းသည် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဇနီးဖြစ်သူ မရွှေခင်ကြည်နှင့်အတူ ထင်းခွေရန်အတွက် နေအိမ်မှထွက်ခွာခဲ့ရာ  အင်ကြင်းတောင်ခြေတောစပ်သို့ အရောက်၌  AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မရွှေခင်ကြည်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား အမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။     

Recent News