သိန္းနီၿမိဳ႕နယ္အတြင္း လံုၿခံဳေရးႏွင့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္ရြက္ေနေသာ တပ္မေတာ္ ယာဥ္တန္းအား TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ပစ္ခတ္တိုက္ခိုက္

သိန္းနီၿမိဳ႕နယ္အတြင္း လံုၿခံဳေရးႏွင့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္ရြက္ေနေသာ တပ္မေတာ္ ယာဥ္တန္းအား   TNLA  အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ပစ္ခတ္တိုက္ခိုက္

ေနျပည္ေတာ္ ၊ ေအာက္တိုဘာ - ၉

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕နယ္အတြင္း လံုၿခံဳေရးႏွင့္အုပ္ခ်ဳပ္မႈကိစၥမ်ား ေဆာင္ရြက္ ရန္ သိန္းနီၿမိဳ႕ကို ျဖတ္သန္းသြားလာခဲ့သည့္ တပ္မေတာ္ယာဥ္တန္းအား ယေန႕နံနက္ ၆ နာရီခြဲခန္႕တြင္ TNLA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕က သိန္းနီၿမိဳ႕တြင္းရွိ လူေနရပ္ကြက္၊ အေဆာက္အဦမ်ားအား အကာအကြယ္ရယူ၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေသာင္းက်န္းသူမ်ား ေျမာက္ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားခဲ့ၿပီး မိမိဘက္မွ အရာရွိ/ စစ္သည္အခ်ိဳ႕ က်ဆံုး၊ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ထိုသို႕ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ၿမိဳ႕အတြင္း ဝင္ေရာက္ပစ္ခတ္မႈ ျဖစ္စဥ္ေၾကာင့္ ေနအိမ္ အေဆာက္အဦအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ၿပီး အျပစ္မဲ့အရပ္သား အခ်ိဳ႕ထိခိုက္ဒဏ္ရာရရွိမႈမ်ား ျဖစ္ေပၚခဲ့သည္။

အဆိုပါ နယ္ေျမတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမလံုၿခံဳေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

သိန်းနီမြို့နယ်အတွင်း လုံခြုံရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသော တပ်မတော် ယာဉ်တန်းအား   TNLA  အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၊ အောက်တိုဘာ - ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်အတွင်း လုံခြုံရေးနှင့်အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက် ရန် သိန်းနီမြို့ကို ဖြတ်သန်းသွားလာခဲ့သည့် တပ်မတော်ယာဉ်တန်းအား ယနေ့နံနက် ၆ နာရီခွဲခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က သိန်းနီမြို့တွင်းရှိ လူနေရပ်ကွက်၊ အဆောက်အဦများအား အကာအကွယ်ရယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မိမိဘက်မှ အရာရှိ/ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက မြို့အတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် နေအိမ် အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့အရပ်သား အချို့ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ နယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News