ျမန္မာ့တပ္မေတာ္ အားကစားအဖြဲ႕ႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ အားကစားအဖြဲ႕ ခ်စ္ၾကည္ေရး ေဘာလံုးၿပိဳင္ပြဲႏွင့္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမ်ားအသီးသီး ယွဥ္ၿပိဳင္ကစား

ျမန္မာ့တပ္မေတာ္ အားကစားအဖြဲ႕ႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ အားကစားအဖြဲ႕ ခ်စ္ၾကည္ေရး ေဘာလံုးၿပိဳင္ပြဲႏွင့္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမ်ားအသီးသီး ယွဥ္ၿပိဳင္ကစား

ေနျပည္ေတာ္၊ ေအာက္တိုဘာ-၉

ျမန္မာ့တပ္မေတာ္ ေဘာလံုးအသင္းႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ေဘာလံုးအသင္းတို႕၏ ခ်စ္ၾကည္ေရးေဘာလံုးၿပိဳင္ပြဲကို ယေန႕ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္ အားကစားကြင္း၌ ယွဥ္ၿပိဳင္ကစားၾကသည္။

အဆိုပါ ခ်စ္ၾကည္ေရးေဘာလံုးၿပိဳင္ပြဲသို႕ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ၫွိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ ဇနီး ေဒၚသက္သက္ေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ၊ လာအိုျပည္သူ႕တပ္မေတာ္မွ Brigadier General PHANSENG BOUNPHANH ႏွင့္ အရာရွိမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ) မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ရွိ တပ္နယ္မ်ားမွအရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ တပ္မေတာ္ေဘာလံုး အကယ္ဒမီမွ သင္တန္းသားမ်ားတက္ေရာက္ ၾကည့္႐ႈအားေပးၾကသည္။

ဦးစြာ ႏွစ္ႏိုင္ငံေဘာလံုးအသင္းမွ အားကစားသမားမ်ားႏွင့္ဒိုင္အဖြဲ႕မ်ားသည္ အားကစားကြင္း အတြင္းသို႕ဝင္ေရာက္ၿပီး လာေရာက္ၾကည့္႐ႈအားေပးၾကေသာ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဧည့္သည္ေတာ္မ်ားအားအေလးျပဳၾကသည္။ ထို႕ေနာက္ တပ္မေတာ္အားကစားႏွင့္ကာယပညာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးဗိုလ္ခ်ဳပ္ျမင့္ေမာ္၊ လာအို ျပည္သူ႕ တပ္မေတာ္မွ Brigadier General PHANSENG BOUNPHANH တို႕က ႏွစ္ဖက္အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကသည္။

ထို႕ေနာက္ ျမန္မာ့တပ္မေတာ္ေဘာလံုးအသင္းႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ ေဘာလံုးအသင္းတို႕ ခ်စ္ၾကည္ေရးေဘာလံုးၿပိဳင္ပြဲ ယွဥ္ၿပိဳင္ၾကရာ အႀကိတ္နယ္ယွဥ္ၿပိဳင္ၾကၿပီး ပြဲခ်ိန္ ၂၇ မိနစ္တြင္ လာအိုျပည္သူ႕တပ္မေတာ္ေဘာလံုးအသင္းမွ ေက်ာနံပါတ္ ၇ Souksavanh Somsanith  က အဖြင့္ဂိုးသြင္းယူခဲ့ျခင္းေၾကာင့္ပထမပိုင္းၿပီးဆံုးခ်ိန္တြင္ လာအိုျပည္သူ႕တပ္မေတာ္ေဘာလံုးအသင္းက တစ္ဂိုး၊ ဂိုးမရွိျဖင့္ဦးေဆာင္ခဲ့သည္။

ယင္းေနာက္ ဒုတိယပိုင္းဆက္လက္ယွဥ္ၿပိဳင္ရာပြဲခ်ိန္ ၄၈ မိနစ္ ၃၀ စကၠန္႕တြင္ လာအို ျပည္သူ႕တပ္မေတာ္ေဘာလံုးအသင္းမွ ကစားသမားတစ္ဦးက ဂိုးဧရိယာအတြင္း ၾကမ္းတမ္းစြာ ဖ်က္ထုတ္ခဲ့ျခင္းေၾကာင့္ ျမန္မာ့တပ္မေတာ္ေဘာလံုးအသင္းက ပင္နယ္တီျပစ္ဒဏ္ေဘာကန္ခြင့္ ရခဲ့ၿပီး ေက်ာနံပါတ္ ၁၀ ေကာင္းစည္သူ က ေခ်ပဂိုးသြင္းယူႏိုင္ခဲ့သည္။ ယင္းေနာက္ ျမန္မာ့ တပ္မေတာ္ေဘာလံုးအသင္းက အခ်ိတ္ဆက္မိမိျဖင့္ တိုက္စစ္အဟုန္ျမႇင့္တင္ကစားခဲ့ရာ ပြဲကစားခ်ိန္ ၆၆ မိနစ္တြင္ ေကာင္းစည္သူ က အႏိုင္ဂိုးတစ္ဂိုး၊ ပြဲကစားခ်ိန္ ၈၁မိနစ္၅၀စကၠန္႕ႏွင့္ ၈၈ မိနစ္တို႕တြင္ ေက်ာနံပါတ္ ၁၈ မင္းကိုသူ က အႏိုင္ဂိုးမ်ား သြင္းယူခဲ့သည္။ မိနစ္ ၉၀ ျပည့္၍ နာက်င္အခ်ိန္ပိုတြင္  လာအိုျပည္သူ႕တပ္မေတာ္ေဘာလံုးအသင္းက ေခ်ပဂိုး သြင္းယူႏိုင္ေရး အျပင္းအထန္ႀကိဳးစားခဲ့ရာ ျမန္မာေနာက္ခံလူ၏ ဖ်က္ထုတ္ပံု ၾကမ္းတမ္းခဲ့ရာမွ လာအိုအသင္း ပင္နယ္တီျပစ္ဒဏ္ေဘာရရွိကာ ေက်ာနံပါတ္ ၂၃ အသင္းေခါင္းေဆာင္ Phouthone Innalay က ေခ်ပဂိုး ၁ ဂိုး ျပန္လည္ သြင္းယူခဲ့သည္။ ပြဲအၿပီးတြင္ ျမန္မာ့တပ္မေတာ္ေဘာလံုးအသင္းက လာအိုျပည္သူ႕တပ္မေတာ္ ေဘာလံုး အသင္းကို ၄ ဂိုး ၂ ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည္။ လာအိုျပည္သူ႕တပ္မေတာ္ ေဘာလံုးအသင္းအေနျဖင့္ ၿပိဳင္ပြဲကစားခ်ိန္အစမွအဆံုးအထိ လ်င္လ်င္ျမန္ျမန္ အခ်ိတ္အဆက္မိမိ ကစားအားမက်ဘဲ ကစားႏိုင္ခဲ့ ေသာ္လည္း ေရွ႕တန္းအားကစားသမားမ်ားအေနျဖင့္ တစ္ဦးႏွင့္တစ္ဦး နားလည္မႈ အနည္းငယ္ လြဲမွားေနမႈေၾကာင့္ ရသင့္သည့္ ဂိုးမ်ား အခြင့္အေရး နစ္နာဆံုး႐ံႈးခဲ့ရသျဖင့္ ျမန္မာ့တပ္မေတာ္ေဘာလံုးအသင္းအား အႏိုင္မရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထို႕ျပင္ ျမန္မာ့တပ္မေတာ္ပိုက္ေက်ာ္ျခင္းအသင္းႏွင့္ လာအိုျပည္သူ႕တပ္မေတာ္ ပိုက္ေက်ာ္ျခင္း အသင္းတို႕သည္ နံနက္ပိုင္းတြင္ ေဇယ်ာသီရိတပ္မေတာ္အားကစား႐ံု (ဃ) ေဆာင္၌ ခ်စ္ၾကည္ေရး ယွဥ္ၿပိဳင္ၾကရာ ျမန္မာ့တပ္မေတာ္ပိုက္ေက်ာ္ျခင္းအသင္းက လာအိုျပည္သူ႕တပ္မေတာ္ ပိုက္ေက်ာ္ျခင္း အသင္းအား သံုးေယာက္တြဲၿပိဳင္ပြဲတြင္ ၂ ပြဲျပတ္ျဖင့္ လည္းေကာင္း၊ ေလးေယာက္တြဲၿပိဳင္ပြဲတြင္ ၂ ပြဲ၊ ၁ ပြဲ ျဖင့္ လည္းေကာင္း အႏိုင္ရရွိခဲ့သည္။

ခ်စ္ၾကည္ေရးပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲသို႕ တပ္မေတာ္အားကစားႏွင့္ကာယပညာအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္း၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ျမင့္ေမာ္၊ လာအိုျပည္သူ႕တပ္မေတာ္မွ Brigadier General PHANSENG  BOUNPHANH  ႏွင့္ အရာရွိမ်ား၊ ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းႏွင့္ ျခင္းလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးစိုးႏိုင္ ႏွင့္ အားကစား ဝါသနာရွင္မ်ား တက္ေရာက္ၾကည့္႐ႈ အားေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြန်မာ့တပ်မတော် အားကစားအဖွဲ့နှင့် လာအိုပြည်သူ့တပ်မတော် အားကစားအဖွဲ့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများအသီးသီး ယှဉ်ပြိုင်ကစား

နေပြည်တော်၊ အောက်တိုဘာ-၉

မြန်မာ့တပ်မတော် ဘောလုံးအသင်းနှင့် လာအိုပြည်သူ့တပ်မတော်ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ ၊ လာအိုပြည်သူ့တပ်မတော်မှ Brigadier General PHANSENG BOUNPHANH နှင့် အရာရှိများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီမှ သင်တန်းသားများတက်ရောက် ကြည့်ရှုအားပေးကြသည်။

ဦးစွာ နှစ်နိုင်ငံဘောလုံးအသင်းမှ အားကစားသမားများနှင့်ဒိုင်အဖွဲ့များသည် အားကစားကွင်း အတွင်းသို့ဝင်ရောက်ပြီး လာရောက်ကြည့်ရှုအားပေးကြသော တပ်မတော်အရာရှိကြီးများနှင့် ဧည့်သည်တော်များအားအလေးပြုကြသည်။ ထို့နောက် တပ်မတော်အားကစားနှင့်ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ လာအို ပြည်သူ့ တပ်မတော်မှ Brigadier General PHANSENG BOUNPHANH တို့က နှစ်ဖက်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ဘောလုံးအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကြရာ အကြိတ်နယ်ယှဉ်ပြိုင်ကြပြီး ပွဲချိန် ၂၇ မိနစ်တွင် လာအိုပြည်သူ့တပ်မတော်ဘောလုံးအသင်းမှ ကျောနံပါတ် ၇ Souksavanh Somsanith  က အဖွင့်ဂိုးသွင်းယူခဲ့ခြင်းကြောင့်ပထမပိုင်းပြီးဆုံးချိန်တွင် လာအိုပြည်သူ့တပ်မတော်ဘောလုံးအသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့်ဦးဆောင်ခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ရာပွဲချိန် ၄၈ မိနစ် ၃၀ စက္ကန့်တွင် လာအို ပြည်သူ့တပ်မတော်ဘောလုံးအသင်းမှ ကစားသမားတစ်ဦးက ဂိုးဧရိယာအတွင်း ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့ခြင်းကြောင့် မြန်မာ့တပ်မတော်ဘောလုံးအသင်းက ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့် ရခဲ့ပြီး ကျောနံပါတ် ၁၀ ကောင်းစည်သူ က ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ ယင်းနောက် မြန်မာ့ တပ်မတော်ဘောလုံးအသင်းက အချိတ်ဆက်မိမိဖြင့် တိုက်စစ်အဟုန်မြှင့်တင်ကစားခဲ့ရာ ပွဲကစားချိန် ၆၆ မိနစ်တွင် ကောင်းစည်သူ က အနိုင်ဂိုးတစ်ဂိုး၊ ပွဲကစားချိန် ၈၁မိနစ်၅၀စက္ကန့်နှင့် ၈၈ မိနစ်တို့တွင် ကျောနံပါတ် ၁၈ မင်းကိုသူ က အနိုင်ဂိုးများ သွင်းယူခဲ့သည်။ မိနစ် ၉၀ ပြည့်၍ နာကျင်အချိန်ပိုတွင်  လာအိုပြည်သူ့တပ်မတော်ဘောလုံးအသင်းက ချေပဂိုး သွင်းယူနိုင်ရေး အပြင်းအထန်ကြိုးစားခဲ့ရာ မြန်မာနောက်ခံလူ၏ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ရာမှ လာအိုအသင်း ပင်နယ်တီပြစ်ဒဏ်ဘောရရှိကာ ကျောနံပါတ် ၂၃ အသင်းခေါင်းဆောင် Phouthone Innalay က ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူခဲ့သည်။ ပွဲအပြီးတွင် မြန်မာ့တပ်မတော်ဘောလုံးအသင်းက လာအိုပြည်သူ့တပ်မတော် ဘောလုံး အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လာအိုပြည်သူ့တပ်မတော် ဘောလုံးအသင်းအနေဖြင့် ပြိုင်ပွဲကစားချိန်အစမှအဆုံးအထိ လျင်လျင်မြန်မြန် အချိတ်အဆက်မိမိ ကစားအားမကျဘဲ ကစားနိုင်ခဲ့ သော်လည်း ရှေ့တန်းအားကစားသမားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု အနည်းငယ် လွဲမှားနေမှုကြောင့် ရသင့်သည့် ဂိုးများ အခွင့်အရေး နစ်နာဆုံးရှုံးခဲ့ရသဖြင့် မြန်မာ့တပ်မတော်ဘောလုံးအသင်းအား အနိုင်မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာ့တပ်မတော်ပိုက်ကျော်ခြင်းအသင်းနှင့် လာအိုပြည်သူ့တပ်မတော် ပိုက်ကျော်ခြင်း အသင်းတို့သည် နံနက်ပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားရုံ (ဃ) ဆောင်၌ ချစ်ကြည်ရေး ယှဉ်ပြိုင်ကြရာ မြန်မာ့တပ်မတော်ပိုက်ကျော်ခြင်းအသင်းက လာအိုပြည်သူ့တပ်မတော် ပိုက်ကျော်ခြင်း အသင်းအား သုံးယောက်တွဲပြိုင်ပွဲတွင် ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ လေးယောက်တွဲပြိုင်ပွဲတွင် ၂ ပွဲ၊ ၁ ပွဲ ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ချစ်ကြည်ရေးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ လာအိုပြည်သူ့တပ်မတော်မှ Brigadier General PHANSENG  BOUNPHANH  နှင့် အရာရှိများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News