အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ မဟာသမယသုတ္ရြတ္ဆို ပူေဇာ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ မဟာသမယသုတ္ရြတ္ဆို ပူေဇာ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

ေနျပည္ေတာ္  ေအာက္တိုဘာ   ၉

အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ မဟာသမယသုတ္ရြတ္ဆို ပူေဇာ္ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းတြင္  တုိင္းစစ္ဌာနခ်ဳပ္ဓမၼာ႐ံု၌ ျပဳလုပ္ရာ ခိုလမ္ၿမိဳ႕နယ္  သံဃနာယကအဖဲြ႕ဥကၠ႒  သီရိ မဂၤလာေက်ာင္းတိုုက္ဆရာေတာ္  ဘဒၵႏၲနေႏၵာဘာသ အမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္ သန္းလႈိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစု မ်ား၊ ၿပိဳင္ပြဲဝင္ဝတ္အသင္းမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက  သီရိမဂၤလာေက်ာင္းတိုက္ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။  ထို႔ေနာက္ ဆရာေတာ္၊ သံဃာေတာ္မ်ားထံသို႔ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကကာ လွဴဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကၿပီး သံဃာေတာ္မ်ားထံ အ႐ုဏ္ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။

အဆိုပါ ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖဲြ႕မ်ားမွ ၿပိဳင္ပြဲဝင္ဝတ္အသင္း ၁၄ သင္းျဖင့္ ေအာက္တိုဘာ ၁ဝ ရက္အထိ ရြတ္ဖတ္ပူေဇာ္သြား မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မဟာသမယသုတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  အောက်တိုဘာ   ၉

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ မဟာသမယသုတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ်ဓမ္မာရုံ၌ ပြုလုပ်ရာ ခိုလမ်မြို့နယ်  သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  သီရိ မင်္ဂလာကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တနန္ဒောဘာသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ပြိုင်ပွဲဝင်ဝတ်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  သီရိမင်္ဂလာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။  ထို့နောက် ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များထံ အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ်အသင်း ၁၄ သင်းဖြင့် အောက်တိုဘာ ၁ဝ ရက်အထိ ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News