ေတာင္ႀကီးၿမိဳ႕ေပၚရွိ သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္း ဆက္ကပ္လွဴဒါန္း

ေတာင္ႀကီးၿမိဳ႕ေပၚရွိ သံဃာေတာ္မ်ားအား အ႐ုဏ္ဆြမ္း ဆက္ကပ္လွဴဒါန္း

ေနျပည္ေတာ္  ေအာက္တိုဘာ  ၉

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီး ၿမိဳ႕ေပၚရွိ  ဘုန္းေတာ္ႀကီးေက်ာင္း  ၅ဝ ေက်ာင္းမွ သံဃာေတာ္ ၅ဝ ပါးအား အ႐ုဏ္ဆြမ္းဆက္ကပ္လွဴဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္    အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ သံလြင္ခန္းမ၌ျပဳလုပ္ရာ ႏုိင္ငံေတာ္သံဃာ့ဝန္ေဆာင္၊   ျပည္နယ္သံဃနာယကအဖြဲ႕ဥကၠ႒  အဂၢမဟာဂႏၳဝါစကပ႑ိတ၊  အဂၢမဟာပ႑ိတ ဘဒၵႏၲပညာသီရိအမွဴးျပဳေသာ သံဃာေတာ္မ်ား ေရာက္ေတာ္မူၾကၿပီး တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊  အရာရွိ၊  စစ္သည္၊  မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ႏုိင္ငံေတာ္သံဃာ့ဝန္ေဆာင္၊ ျပည္နယ္သံဃနာယကအဖြဲ႕ဥကၠ႒ ဆရာ ေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံသို႔ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကၿပီး သံဃာေတာ္မ်ားအား    အ႐ုဏ္ဆြမ္း ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ကြီးမြို့ပေါ်ရှိ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

နေပြည်တော်  အောက်တိုဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ပေါ်ရှိ  ဘုန်းတော်ကြီးကျောင်း  ၅ဝ ကျောင်းမှ သံဃာတော် ၅ဝ ပါးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင်    အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်သံဃာ့ဝန်ဆောင်၊   ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိအမှူးပြုသော သံဃာတော်များ ရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊  အရာရှိ၊  စစ်သည်၊  မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃာ့ဝန်ဆောင်၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များအား    အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News