သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ စစ္မႈထမ္းေဟာင္း အဖြဲ႔ဝင္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္၊ ပညာေရး ဝန္ထမ္းမ်ားအား အသား၊ ငါးႏွင့္ ဟင္းသီးဟင္းရြက္မ်ား ေရာင္းခ်ေပး

သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ စစ္မႈထမ္းေဟာင္း အဖြဲ႔ဝင္မ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္၊ ပညာေရး ဝန္ထမ္းမ်ားအား အသား၊ ငါးႏွင့္ ဟင္းသီးဟင္းရြက္မ်ား ေရာင္းခ်ေပး

ေနျပည္ေတာ္  ေအာက္တိုဘာ   ၉

ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုၿမိဳ႕ရွိ သံဃာေတာ္မ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသ ေရးအဖဲြ႕က လိပ္သိုၿမိဳ႕၊ရန္ႀကီးေအာင္ ဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရး ေစာင့္ ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖဲြ႕က သံဃာေတာ္ ေလးပါးႏွင့္ ေဒသခံ ျပည္သူ ၂၄၂ ဦးအား အေရျပားေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ေဆးကုသေရးအဖဲြ႕က ယေန႔နံနက္ပိုင္းတြင္ ပဲခူးတုိင္းေဒသႀကီး၊ အုတ္ တြင္းၿမိဳ႕နယ္၊ ေဗာဓိကုန္းေက်းရြာ၊ အေျခခံ ပညာမူလတန္းလြန္ေက်ာင္းရွိ ဆရာ၊ ဆရာမ ၁ဝ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၈ဝ ဦးတုိ႔ကို အဆိုပါ စာသင္ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးျခင္းႏွင့္ ေရႊက်င္ၿမိဳ႕နယ္ အတြင္းရွိ စစ္မႈထမ္းေဟာင္း အဖဲြ႕ဝင္ ၂ဝဝ ဦးတို႔ကို ေသြးတိုးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာ ေခါင္း/လည္ေခ်ာင္းေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ေတာင္ငူတပ္နယ္ႏွင့္ အုတ္တြင္း တပ္နယ္တို႔မွ    တပ္မေတာ္သားမ်ားက ေတာင္ငူၿမိဳ႕၊   အမွတ္(၅)အေျခခံပညာ အထက္တန္းေက်ာင္းႏွင့္ ေဗာဓိကုန္းေက်းရြာ၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္းရွိ  ဆရာ၊ဆရာမမ်ားႏွင့္ ပညာေရး ဝန္ထမ္းမ်ားကို  တပ္မေတာ္သား မိသားစုမ်ား၏ တစ္ပိုင္ တစ္ႏိုင္စိုက္ပ်ဳိးေရး ေမြးျမဴေရးလုပ္ငန္းမ်ား မွ ထြက္ရွိသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ား၊ ၾကက္ဥႏွင့္ တပ္မေတာ္စက္႐ံုမ်ားမွ ထြက္ရွိသည့္  အသားဘူး၊ ပဲဘူး၊ ဟင္းသီး ဟင္းရြက္ဘူးႏွင့္ အဝတ္အထည္မ်ားကို ျပင္ပေပါက္ေစ်းထက္    သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ပညာရေး ဝန်ထမ်းများအား အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေး

နေပြည်တော်  အောက်တိုဘာ   ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က လိပ်သိုမြို့၊ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် လေးပါးနှင့် ဒေသခံ ပြည်သူ ၂၄၂ ဦးအား အရေပြားရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ် တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမ ၁ဝ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၈ဝ ဦးတို့ကို အဆိုပါ စာသင်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ရွှေကျင်မြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးတို့ကို သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာ ခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တောင်ငူတပ်နယ်နှင့် အုတ်တွင်း တပ်နယ်တို့မှ    တပ်မတော်သားများက တောင်ငူမြို့၊   အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဗောဓိကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ  ဆရာ၊ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို  တပ်မတော်သား မိသားစုများ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ မှ ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥနှင့် တပ်မတော်စက်ရုံများမှ ထွက်ရှိသည့်  အသားဘူး၊ ပဲဘူး၊ ဟင်းသီး ဟင်းရွက်ဘူးနှင့် အဝတ်အထည်များကို ပြင်ပပေါက်ဈေးထက်    သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။   

Recent News