မတူပီၿမိဳ႔နယ္၊ ငလား ရပ္ကြက္ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မတူပီၿမိဳ႔နယ္၊ ငလား ရပ္ကြက္ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ ေအာက္တုိဘာ  ၉

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္၊ ငလားရပ္ကြက္ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားကို  ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရးအဖြဲ႕က အဆုိပါေက်းရြာရွိ အေျခခံပညာမူလတန္း ေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပး သည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ဆရာ၊ ဆရာမ ၁၆ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၈၉ ဦးႏွင့္ ေဒသခံ တုိင္းရင္းသား ျပည္သူ ၉၂ ဦးတု႔ိအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အစာအိမ္ ေရာဂါ၊ ေသြးတုိးေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ကေလး ေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေနမႈမ်ားကို တုိင္းစစ္ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး နယ္ေျမခံ တပ္မေတာ္ သားမ်ားက ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား တပ္ပုိင္ စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွထြက္ရွိသည့္ ၾကက္သား၊ ၾကက္ဥ၊ ႏြားႏုိ႔ႏွင့္ ဟင္းသီး ဟင္းရြက္မ်ားကို ေဒသေပါက္ေစ်းထက္ သက္သာေသာေစ်းႏႈန္းမ်ားျဖင့္  ေရာင္းခ် ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မတူပီမြို့နယ်၊ ငလား ရပ်ကွက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ  ၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလားရပ်ကွက်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို  ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၈၉ ဦးနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ ၉၂ ဦးတု့ိအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ အစာအိမ် ရောဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေး ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး နယ်မြေခံ တပ်မတော် သားများက ဒေသခံ တိုင်းရင်းသား ပြည်သူများအား တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ကြက်သား၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီး ဟင်းရွက်များကို ဒေသပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့်  ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News