ပုေလာၿမိဳ႔အနီး ျမန္မာ့ပင္လယ္ျပင္အတြင္း စည္းပ်က္ကမ္းေဝး ငါးဖမ္းေလွ တစ္စင္းအား ဖမ္းဆီးရမိ

ပုေလာၿမိဳ႔အနီး ျမန္မာ့ပင္လယ္ျပင္အတြင္း စည္းပ်က္ကမ္းေဝး ငါးဖမ္းေလွ တစ္စင္းအား ဖမ္းဆီးရမိ

ေနျပည္ေတာ္  ေအာက္တုိဘာ  ၉

တနသၤာရီတုိင္းေဒသႀကီး၊ ပုေလာၿမိဳ႕အနီး ျမန္မာ့ပင္လယ္ျပင္အတြင္း ပင္လယ္ျပင္ လံုၿခံဳေရး ႏွင့္ နယ္ေျမစိုးမုိးေရး တာဝန္ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ေအာက္တုိဘာ ၈ ရက္နံနက္ ၈ နာရီခန္႔တြင္ မလိကြၽန္း၏ အေရွ႕ဘက္ ေရမုိင္ ၇ မုိင္ခန္႔အကြာသုိ႔ အေရာက္၌ အလ်ား ေပ ၈ဝ၊ အနံ ၁၈ ေပ၊ ေရစူး ၁၂ ေပခန္႔ရွိ ခုိင္ထြန္းခုိင္(၇)အမည္ရွိ စည္းပ်က္ကမ္းေဝးငါးဖမ္းဝါးလတ္ေလွ တစ္စင္းအား ပဲ့နင္း ဦးဝင္းေရႊ (ဘ)ဦးတင္ေမာင္ အပါအဝင္ အမ်ဳိးသား ၁၃ ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္။

အဆုိပါ ဖမ္းဆီးရမိသူမ်ားႏွင့္ ငါးဖမ္းဝါးလတ္ေလွအား ၿမိတ္ၿမိဳ႕၊ ငါးလုပ္ငန္း ဦးစီးဌာနသုိ႔ စနစ္တက်လႊဲေျပာင္း အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။     

(Unicode Version)

ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက်ကမ်းဝေး ငါးဖမ်းလှေ တစ်စင်းအား ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ပင်လယ်ပြင် လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၈ ရက်နံနက် ၈ နာရီခန့်တွင် မလိကျွန်း၏ အရှေ့ဘက် ရေမိုင် ၇ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ပေ ၈ဝ၊ အနံ ၁၈ ပေ၊ ရေစူး ၁၂ ပေခန့်ရှိ ခိုင်ထွန်းခိုင်(၇)အမည်ရှိ စည်းပျက်ကမ်းဝေးငါးဖမ်းဝါးလတ်လှေ တစ်စင်းအား ပဲ့နင်း ဦးဝင်းရွှေ (ဘ)ဦးတင်မောင် အပါအဝင် အမျိုးသား ၁၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ငါးဖမ်းဝါးလတ်လှေအား မြိတ်မြို့၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                   

             

Recent News