ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သိမ္းဆည္းရမိ

ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္း ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သိမ္းဆည္းရမိ

ေနျပည္ေတာ္  ေအာက္တုိဘာ  ၉

မႏၲေလးတုိင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ (၁၆)မုိင္ ပူးေပါင္းစစ္ေဆးေရး ဂိတ္၌ လံုၿခံဳေရး ေဆာင္ရြက္ေနေသာ ပူးေပါင္းအဖြဲ႕သည္ ယာဥ္မ်ားအား စစ္ေဆးေနစဥ္ ေအာက္တုိဘာ ၈ ရက္ နံနက္ ၁ဝ နာရီခန္႔တြင္ ေမာ္ေတာ္ယာဥ္ တစ္စီးသည္ ေရွာင္ကြင္းလမ္းမွ ျဖတ္သန္းသြားေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆး ရွာေဖြရာ မႏၲေလး-ျပင္ဦးလြင္ အတက္လမ္း မုိင္တုိင္အမွတ္ (၁၈/၇)အနီးတြင္ ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္အမွတ္ NPW-11/---လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေပၚမွ ဟုိက္ဒ႐ိုကလုိရစ္အက္စစ္ အရည္မ်ား ထည့္ထားေသာ ၂ဝဝ လီတာခန္႔ပါ ပီပါ ၁ဝ၇ လံုး (ခန္႔မွန္းတန္ဖုိးေငြ က်ပ္သိန္းေပါင္း ၁၆ဝဝ ေက်ာ္)အား ပုိင္ရွင္မဲ့ေတြ႕ရွိ သိမ္းဆည္း ရမိခဲ့သည္။

အဆုိပါသိမ္းဆည္းရမိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားအား ျပင္စာရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သတင္း ရရွိသည္။     

(Unicode Version)

ပုသိမ်ကြီးမြို့နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  အောက်တိုဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား စစ်ဆေးနေစဉ် အောက်တိုဘာ ၈ ရက် နံနက် ၁ဝ နာရီခန့်တွင် မော်တော်ယာဉ် တစ်စီးသည် ရှောင်ကွင်းလမ်းမှ ဖြတ်သန်းသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရှာဖွေရာ မန္တလေး-ပြင်ဦးလွင် အတက်လမ်း မိုင်တိုင်အမှတ် (၁၈/၇)အနီးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အမှတ် NPW-11/---လိုင်စင်မဲ့ မော်တော်ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ်အက်စစ် အရည်များ ထည့်ထားသော ၂ဝဝ လီတာခန့်ပါ ပီပါ ၁ဝ၇ လုံး (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆ဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများအား ပြင်စာရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။     

Recent News