


 

(Unicode Version)

 

တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ မိုးရာသီ စခန်းချ လေ့ကျင့်နေမှု အား ကြည့်ရှု 

  
နေပြည်တော် အောက်တိုဘာ ၁၀ 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရှိ နယ်မြေခံသင်တန်းကျောင်း တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္က သိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ စစ်နည်းဗျူဟာ သင်ခန်းစာများ လေ့ကျင့်နေမှုကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင် များက သွားရောက် ကြည့်ရှု အားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင်တန်းသား၊ သင်တန်းသူများ၏အိပ်ဆောင်များနှင့် စားရိပ်သာများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News