မုဒံုၿမိဳ႔နယ္၊ ကတံုးေပၚေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

မုဒံုၿမိဳ႔နယ္၊ ကတံုးေပၚေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၀

 

 မြန္ျပည္နယ္၊ မုဒံုၿမိဳ႕နယ္၊ ကတံုးေပၚေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာန ခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ ေက်းရြာ အေျခခံပညာ မူလတန္းေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။ ထိုသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေဒသခံျပည္သူ ၁၃၇ ဦးကို ေသြးေပါင္ခ်ိန္ျခင္း၊ ေပါင္ခ်ိန္ျခင္းႏွင့္ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ အ႐ုိး/အေၾကာေရာဂါ၊ အေထြေထြ ေရာဂါ တို႔ႏွင့္ပတ္သက္၍ လုိအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္ ေပးျခင္း၊ Ultrasound ႐ုိက္ေပး ျခင္းမ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ ေရာက္ကုသရန္ လိုအပ္သူ ငါးဦးကို ေမာ္လ ၿမိဳင္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၁၀ 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာန ချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၃၇ ဦးကို သွေးပေါင်ချိန်ခြင်း၊ ပေါင်ချိန်ခြင်းနှင့် ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေ ရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ် ပေးခြင်း၊ Ultrasound ရိုက်ပေး ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ငါးဦးကို မော်လ မြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News