


 


 

(Unicode Version)

 

လွိုင်လင်လေးမြို့နယ်၊ ဝမ်ငေါ့ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် 
နေပြည်တော် အောက်တိုဘာ ၁၀ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင် လင်လေးမြို့နယ်၊ တီးလုံကျေးရွာအုပ်စု၊ ဝမ်ငေါ့ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာ များရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာခန်းမ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၅၅ ဦးကို သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/ အကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ မျက်စိ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင် ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။       

Recent News