


 


 

(Unicode Version)

 

စစ်ကိုင်းမြို့နယ်၊ အောင်စည်ပင်ကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 
နေပြည်တော် အောက်တိုဘာ ၁၀ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အောင်စည်ပင်ကျေးရွာရှိ သံဃာတော်များ နှင့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ စိန်ပေါဦး ကျောင်းတိုက်၌ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံ ပြည်သူ ၈၉ ဦးတို့ကို မျက်စိရောဂါ၊ သွား နှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုး ရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News