မံုရြာၿမိဳ႔ေပၚရွိ သံဃာေတာ္မ်ားႏွင္႕ သာသနာ႕အႏြယ္၀င္ သီလရွင္မ်ားအား ေသာတာပန္ ဆီ၊ ဆား၊ ေဆး စသည္႕လွဴဖြယ္ ပစၥည္း ဆက္ကပ္လွဴဒါန္း 

မံုရြာၿမိဳ႔ေပၚရွိ သံဃာေတာ္မ်ားႏွင္႕ သာသနာ႕အႏြယ္၀င္ သီလရွင္မ်ားအား ေသာတာပန္ ဆီ၊ ဆား၊ ေဆး စသည္႕လွဴဖြယ္ ပစၥည္း ဆက္ကပ္လွဴဒါန္း 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၀

 

 စစ္ကိုင္းတုိင္း ေဒသႀကီး၊ မံုရြာၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ သီလရွင္ ေက်ာင္းမ်ားသို႔ ဓမၼဒူတ ေဒါက္တာအရွင္ ေဆကိႏၵႏွင့္ တပည့္ ဒါယကာမ်ား၊ ေစတနာ ရွင္အလွဴရွင္မ်ားက ေသာတာပန္ ဆီ၊ ဆား ႏွင့္ ေဆး၀ါးမ်ား ဆက္ကပ္လွဴဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ သဒၶမၼေဇာတက သုေဗာဓာ႐ံုေက်ာင္းတုိက္၌ျပဳလုပ္ရာ ႏုိင္ငံ ေတာ္ၾသ၀ါဒါ စရိယ မံုရြာၿမိဳ႕၊ ဓမၼပါရဂူ ပါဠိတကၠသိုလ္ေက်ာင္းတုိက္ႀကီး၏ ပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၱ အရိယာလကၤာရ အမွဴးျပဳေသာ သံဃာ ေတာ္မ်ား၊ သာသနာ့ အႏြယ္၀င္ သီလရွင္ ဆရာႀကီးမ်ား ႂကြေရာက္ေတာ္မူၾကၿပီး အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ စိုးတင့္ႏုိင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။ ဦးစြာ တုိင္းမွဴးႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားကို ေသာတာပန္ ဆီ၊ ဆားႏွင့္ ေဆး၀ါးတုိ႔ကို ဆက္ကပ္လွဴဒါန္းၾကသည္။

 

 ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဓမၼပါရဂူ ပါဠိတကၠသိုလ္ ေက်ာင္းတိုက္ႀကီး၏ ပဓာနနာယကဆရာေတာ္ထံမွ ကိုးပါးသီလ ခံယူေဆာက္တည္ၾကၿပီး ဓမၼဒူတ ေဒါက္တာ အရွင္ေဆကိႏၵက အလွဴေတာ္ႏွင့္ပတ္သက္ ၍ ၾသ၀ါဒခ်ီးျမႇင့္သည္။ ယင္းေနာက္ တုိင္းမွဴးႏွင့္အလွဴရွင္မ်ား က သံဃာေတာ္မ်ားထံ လွဴဖြယ္ပ စၥည္းမ်ား ႏွင့္ ၀တၳဳေငြမ်ား ဆက္ကပ္ လွဴဒါန္းၿပီး လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ သံဃာေတာ္မ်ားႏွင့္ သီလရွင္ ဆရာႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။          

 

(Unicode Version)

 

မုံရွာမြို့ပေါ်ရှိ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအား သောတာပန် ဆီ၊ ဆား၊ ဆေး စသည့်လှူဖွယ် ပစ္စည်း ဆက်ကပ်လှူဒါန်း 

နေပြည်တော် အောက်တိုဘာ ၁၀ 

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္ဒနှင့် တပည့် ဒါယကာများ၊ စေတနာ ရှင်အလှူရှင်များက သောတာပန် ဆီ၊ ဆား နှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက်၌ပြုလုပ်ရာ နိုင်ငံ တော်သြဝါဒါ စရိယ မုံရွာမြို့၊ ဓမ္မပါရဂူ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီး၏ ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ အမှူးပြုသော သံဃာ တော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များနှင့် သီလရှင်များကို သောတာပန် ဆီ၊ ဆားနှင့် ဆေးဝါးတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မပါရဂူ ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒက အလှူတော်နှင့်ပတ်သက် ၍ သြဝါဒချီးမြှင့်သည်။ ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များ က သံဃာတော်များထံ လှူဖွယ်ပ စ္စည်းများ နှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ၎င်းနောက် သံဃာတော်များနှင့် သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။          

Recent News