ေမွာ္ဘီၿမိဳ႔နယ္၊ ၀ါးပေတာရြာဦး ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ ရြက္ 

ေမွာ္ဘီၿမိဳ႔နယ္၊ ၀ါးပေတာရြာဦး ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း၌ က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ ရြက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၀ 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ ၀ါးပေတာေက်းရြာရွိ ရြာဦးဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမွ သံဃာေတာ္ မ်ား၊ ရွင္သာမေဏမ်ား၊ သာသနာ့အႏြယ္၀င္ သီလရွင္မ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္း သား၊ ေက်ာင္းသူမ်ားႏွင့္ ပတ္၀န္းက်င္ ေက်းရြာမ်ားရွိ ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆုိပါ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ ရြက္ ေပးသည္။ 

 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ငါးပါး၊ ရွင္သာမေဏ ၁၅ ပါး၊ သီလရွင္သံုးပါး၊ ဆရာ၊ ဆရာမ ၁၁ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၁ ဦး ႏွင့္ ေဒသခံျပည္သူ ၉၈ ဦးတုိ႔ကို သြားႏွင့္ ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိ ေရာဂါ၊ ကေလးေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ အေရျပားေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါ အေၾကာင္း က်န္းမာေရးအသိပညာ ေပးေဟာေျပာေဆြးေႏြးျခင္းႏွင့္ ေက်ာင္း၀င္း အတြင္း ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။  

 

(Unicode Version)

မှော်ဘီမြို့နယ်၊ ဝါးပတောရွာဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက် 

နေပြည်တော် အောက်တိုဘာ ၁၀ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးပတောကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော် များ၊ ရှင်သာမဏေများ၊ သာသနာ့အနွယ်ဝင် သီလရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော်ငါးပါး၊ ရှင်သာမဏေ ၁၅ ပါး၊ သီလရှင်သုံးပါး၊ ဆရာ၊ ဆရာမ ၁၁ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦး နှင့် ဒေသခံပြည်သူ ၉၈ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ဆီးချို၊ သွေးချို ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြော ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ အကြောင်း ကျန်းမာရေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်းနှင့် ကျောင်းဝင်း အတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  

 

Recent News