
 


 


 


 

(Unicode Version)

 

ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရပ်ကွက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၁၀ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရပ် ကွက်ရှိ ဒေသခံပြည်သူများကို ယနေ့ နံနက် ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိ ငြိမ်းချမ်းရေး ဘုန်းကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၂၀၃ ဦးကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကျောက်ကပ် ရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး သွေးတိုးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News