ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ နဝမအႀကိမ္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ ဆုေပးပြဲ ျပဳလုပ္ 

ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ နဝမအႀကိမ္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ ဆုေပးပြဲ ျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁

 

 ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ နဝမအႀကိမ္ ပ႒ာန္းေဒသနာေတာ္ ရြတ္ဆိုပူေဇာ္ၿပိဳင္ပြဲ ဆုေပးပြဲကို ယေန႔ ေန႔လယ္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္ ေအာင္ၿငိမ္းေအး ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ျမင့္ေမာ္ႏွင့္ အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ဝတ္ အသင္းမ်ား တက္ေရာက္ၾကသည္။ ဦးစြာ ပ်ဥ္းမနားၿမိဳ႕နယ္၊ မဂၤလာေဇယ်ဳံ ပါဠိတကၠသိုလ္ ေက်ာင္းတိုက္ စာခ်ဆရာေတာ္ ဘဒၵႏၲကိတိၳသာရထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းကာ ၾသဝါဒကထာ နာယူခဲ့ၾကသည္။ 

 

ထို႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ တစ္ဦးခ်င္းဆုရရွိသူမ်ား၊အသင္းလိုက္ဆု ရရွိသူမ်ားႏွင့္ သာသနာေရး ဝန္ႀကီးဌာနမွ အမွတ္ေပးဒိုင္ အဖဲြ႕မ်ားအား တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ဆုမ်ားႏွင့္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အသီးသီး ေပးအပ္ၾကသည္။ အဆိုပါၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္ဝတ္ အသင္း ၂၁ သင္းျဖင့္ ေအာက္တိုဘာ ၈ ရက္မွ ယေန႔အထိ ရြတ္ဖတ္ ပူေဇာ္ခဲ့ျခင္း ျဖစ္ေၾကာင္း သတင္း ရရွိသည္။  

 

(Unicode Version)

 

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ နဝမအကြိမ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၁၁ 

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ နဝမအကြိမ် ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ် အသင်းများ တက်ရောက်ကြသည်။ ဦးစွာ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တကိတ္ထိသာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သြဝါဒကထာ နာယူခဲ့ကြသည်။ 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊အသင်းလိုက်ဆု ရရှိသူများနှင့် သာသနာရေး ဝန်ကြီးဌာနမှ အမှတ်ပေးဒိုင် အဖွဲ့များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ကြသည်။ အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ် အသင်း ၂၁ သင်းဖြင့် အောက်တိုဘာ ၈ ရက်မှ ယနေ့အထိ ရွတ်ဖတ် ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။   

Recent News