


 


 

(Unicode Version)

 

ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များသို့ အပတ်စဉ်တိုင်း၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ ရပ်မိရပ်ဖများက လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဆရာတော် ဒေါက်တာဘဒ္ဒန္တသြဘာသ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ပြီး အဆိုပါစာသင်တိုက်မှ ဝါဆိုသံဃာ ၄၇ ပါးအတွက် ဆွမ်းဆန်တော် ၅ဝ အိတ်၊ ဆီ ၃ဝ ပိဿာ၊ ပဲတစ်အိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ဆရာတော် ဒေါက်တာဘဒ္ဒန္တသြဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News