က်ဳိင္းတံုၿမိဳ႔၊ ဝါတြင္းကာလ စုေပါင္း ဆြမ္းေလာင္းလွဴပြဲျပဳလုပ္ 

က်ဳိင္းတံုၿမိဳ႔၊ ဝါတြင္းကာလ စုေပါင္း ဆြမ္းေလာင္းလွဴပြဲျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁

 

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊ ဝါတြင္းကာလ စုေပါင္းဆြမ္းေလာင္းလွဴပြဲကို ယေန႔နံနက္ပိုင္းတြင္ မဟာျမတ္မုနိဘုရားႀကီး၌ ျပဳလုပ္ရာ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗုိလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေစတနာရွင္အလွဴရွင္မ်ား တက္ေရာက္ေလာင္းလွဴၾကသည္။ ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မဟာျမတ္မုနိဘုရားႀကီးအား မ်က္ႏွာေတာ္သစ္ျခင္း၊ ဆြမ္း၊ ပန္း၊ ေရခ်မ္းကပ္လွဴ ပူေဇာ္ျခင္းႏွင့္ အေမႊးနံ႔သာတိုင္၊ ဆီမီးတိုင္မ်ား ထြန္းညိႇပူေဇာ္ျခင္းတို႔ကို ေဆာင္ရြက္ၾကသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက က်ဳိင္းတံုၿမိဳ႕ေပၚရွိ ေက်ာင္းတိုက္ေပါင္း ၁၈ တိုက္မွသံဃာေတာ္မ်ား၊ ရွင္သာမေဏ ၂၃၈ ပါးႏွင့္ သာသနာ့အႏြယ္ဝင္သီလရွင္ ၁၄ ပါးတို႔အား စုေပါင္းဆြမ္းေလာင္းလွဴ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။ 

 

(Unicode Version)

 

ကျိုင်းတုံမြို့၊ ဝါတွင်းကာလ စုပေါင်း ဆွမ်းလောင်းလှူပွဲပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် မဟာမြတ်မုနိဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်လောင်းလှူကြသည်။ ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ခြင်းနှင့် အမွှေးနံ့သာတိုင်၊ ဆီမီးတိုင်များ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၁၈ တိုက်မှသံဃာတော်များ၊ ရှင်သာမဏေ ၂၃၈ ပါးနှင့် သာသနာ့အနွယ်ဝင်သီလရှင် ၁၄ ပါးတို့အား စုပေါင်းဆွမ်းလောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။  

Recent News