


 


 

(Unicode Version)

 

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မဟာသမယသုတ် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၁၁ 

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ မဟာသမယသုတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၁ဝ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဓမ္မာရုံ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်ဝတ် အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့် ဝတ်ရွတ်အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြသည်။ အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်ဝတ် အသင်း ၁၄ သင်းဖြင့် အောက်တိုဘာ ၉ ရက်မှ ၁ဝ ရက်အထိ ရွတ်ဖတ်ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Recent News