ဘူးသီးေတာင္ၿမိဳ႔နယ္အတြင္း AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔က တပ္မေတာ္ယာဥ္တန္းအား မုိင္းခြဲတိုက္ခုိက္ 

ဘူးသီးေတာင္ၿမိဳ႔နယ္အတြင္း AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔က တပ္မေတာ္ယာဥ္တန္းအား မုိင္းခြဲတိုက္ခုိက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁ 

 

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အတြင္း အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ေဆာင္ရြက္ ရန္ သြားေရာက္သည့္ တပ္မေတာ္ယာဥ္တန္းအား AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕က ေအာက္တုိဘာ ၁ဝ ရက္ နံနက္ ၈ နာရီ မိနစ္ ၂ဝ ခန္႔တြင္ ဘူးသီးေတာင္ၿမိဳ႕ႏွင့္ ဝါးခုတ္ေခ်ာင္းၾကား ကားလမ္းမႀကီး ေပၚ၌ မုိင္းခြဲ တုိက္ခုိက္ခဲ့သည္။ 

 

အဆုိပါတုိက္ခုိက္မႈေၾကာင့္ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ထိခုိက္မႈမရွိဘဲ ျဖစ္စဥ္ ေနရာတစ္ဝုိက္အား လုံၿခံဳေရးတပ္ဖြဲ႕ဝင္ မ်ားက ရွာေဖြစစ္ေဆးရာ အလ်ား ၁ ေပခြဲ၊ အခ်င္း ၆ လက္မခန္႔ရွိ ကြန္က်ဴပုိက္ျဖင့္ ျပဳလုပ္ထားေသာ ရီမုမုိင္းတစ္လုံး၊ အလ်ား ၉ လက္မ၊ အခ်င္း ၄ လက္မခန္႔ရွိ ကားပစၥတင္ျဖင့္ ျပဳလုပ္ထားသည့္ ရီမုမုိင္းတစ္လုံး ႏွင့္ အလ်ား ၆ လက္မ၊ အခ်င္း ၆ လက္မ ခန္႔ရွိ ကြန္က်ဴပုိက္ျဖင့္ ျပဳလုပ္ထားေသာ ရီမုမုိင္းႏွစ္လုံး စုစုေပါင္း မေပါက္ကြဲေသး သည့္ ရီမုမုိင္းေလးလုံး တုိ႔အား ရွာေဖြေတြ႕ရွိ ခဲ့သျဖင့္ အမ်ားျပည္သူမ်ား အႏၲရာယ္မျဖစ္ ေစေရး သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့သည္။ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား အေနျဖင့္ အရပ္ဝတ္မ်ား ဝတ္ဆင္၍ တပ္မေတာ္ စစ္ေၾကာင္းမ်ားအား မုိင္းဆြဲျခင္း၊ တပ္စခန္းမ်ားအား ဝင္ေရာက္တုိက္ခုိက္ျခင္း၊ ေက်းရြာမ်ားအတြင္း အရပ္သားမ်ားအသြင္ျဖင့္ ဝင္ေရာက္ျခင္းမ်ား ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ဘူးသီးတောင်မြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က တပ်မတော်ယာဉ်တန်းအား မိုင်းခွဲတိုက်ခိုက် 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက် ရန် သွားရောက်သည့် တပ်မတော်ယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က အောက်တိုဘာ ၁ဝ ရက် နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ဘူးသီးတောင်မြို့နှင့် ဝါးခုတ်ချောင်းကြား ကားလမ်းမကြီး ပေါ်၌ မိုင်းခွဲ တိုက်ခိုက်ခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် လူနှင့် မော်တော်ယာဉ်များ ထိခိုက်မှုမရှိဘဲ ဖြစ်စဉ် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက ရှာဖွေစစ်ဆေးရာ အလျား ၁ ပေခွဲ၊ အချင်း ၆ လက်မခန့်ရှိ ကွန်ကျူပိုက်ဖြင့် ပြုလုပ်ထားသော ရီမုမိုင်းတစ်လုံး၊ အလျား ၉ လက်မ၊ အချင်း ၄ လက်မခန့်ရှိ ကားပစ္စတင်ဖြင့် ပြုလုပ်ထားသည့် ရီမုမိုင်းတစ်လုံး နှင့် အလျား ၆ လက်မ၊ အချင်း ၆ လက်မ ခန့်ရှိ ကွန်ကျူပိုက်ဖြင့် ပြုလုပ်ထားသော ရီမုမိုင်းနှစ်လုံး စုစုပေါင်း မပေါက်ကွဲသေး သည့် ရီမုမိုင်းလေးလုံး တို့အား ရှာဖွေတွေ့ရှိ ခဲ့သဖြင့် အများပြည်သူများ အန္တရာယ်မဖြစ် စေရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။ AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော် စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများအသွင်ဖြင့် ဝင်ရောက်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

Recent News