သိန္းနီၿမိဳ႔နယ္အတြင္း မသကၤာဖြယ္ လူႏွစ္ဦး ထြက္ေျပးသြားခဲ႕သျဖင္႕ လက္နက္ငယ္ျဖင္႕သတိေပး ပစ္ခတ္ဖမ္းဆီးရာမွ တစ္ဦး ဒဏ္ရာရရွိ 

သိန္းနီၿမိဳ႔နယ္အတြင္း မသကၤာဖြယ္ လူႏွစ္ဦး ထြက္ေျပးသြားခဲ႕သျဖင္႕ လက္နက္ငယ္ျဖင္႕သတိေပး ပစ္ခတ္ဖမ္းဆီးရာမွ တစ္ဦး ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁ 

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕နယ္အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနသည့္ ဌာနဆိုင္ရာမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ယေန႔နံနက္ ၅ နာရီ ၁၅ မိနစ္ခန္႔တြင္ ၿမိဳ႕၏ေျမာက္ဘက္ မီတာ ၃ဝဝ ခန္႔အကြာ၌ မသကၤာဖြယ္ လူႏွစ္ဦး ထြက္ေျပးသြားသည္ကိုေတြ႕ရွိသျဖင့္ စစ္ေဆးရန္ ေခၚယူခဲ့ရာ ရပ္တန္႔ျခင္းမရွိဘဲ ဆက္လက္ထြက္ေျပးသြားသျဖင့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္တစ္ဦးမွ လက္နက္ငယ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့သည္။ 

 

ထြက္ေျပးသြားခဲ့သည့္ ေနရာတစ္ဝိုက္အား လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးရွာေဖြစဥ္ သိန္းနီၿမိဳ႕၊ နယ္ေျမ(၁)၊ အမွတ္(၃)ရပ္ကြက္ေန ေမာင္အဝမ္းေပၚ(ဘ) ဦးေအေဘးအား လက္နက္ငယ္က်ည္ ထိမွန္ဒဏ္ရာျဖင့္ ေတြ႕ရွိခဲ့ၿပီး ၎အား ေမးျမန္းရာ အရပ္ဝတ္ ဝတ္ဆင္ထားသည့္ လူႏွစ္ဦးသည္ အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ ထြက္ေျပးသြားေၾကာင္း သိရွိရၿပီး ဒဏ္ရာရရွိသူအား လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သိန္းနီၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္၍ ေဆးကုသမႈ ခံယူေစလ်က္ရွိကာ လိုအပ္သည္မ်ား ကူညီေထာက္ပံ့မႈမ်ား ေဆာင္ရြက္ေပးခဲ့သည္။ အဆိုပါနယ္ေျမတစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမ လံုၿခံဳေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

သိန်းနီမြို့နယ်အတွင်း မသင်္ကာဖွယ် လူနှစ်ဦး ထွက်ပြေးသွားခဲ့သဖြင့် လက်နက်ငယ်ဖြင့်သတိပေး ပစ်ခတ်ဖမ်းဆီးရာမှ တစ်ဦး ဒဏ်ရာရရှိ 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် မြို့၏မြောက်ဘက် မီတာ ၃ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် လူနှစ်ဦး ထွက်ပြေးသွားသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမှ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။ 

ထွက်ပြေးသွားခဲ့သည့် နေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရှာဖွေစဉ် သိန်းနီမြို့၊ နယ်မြေ(၁)၊ အမှတ်(၃)ရပ်ကွက်နေ မောင်အဝမ်းပေါ်(ဘ) ဦးအေဘေးအား လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ပြီး ၎င်းအား မေးမြန်းရာ အရပ်ဝတ် ဝတ်ဆင်ထားသည့် လူနှစ်ဦးသည် အနောက်မြောက်ဘက်သို့ ဆက်လက် ထွက်ပြေးသွားကြောင်း သိရှိရပြီး ဒဏ်ရာရရှိသူအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သိန်းနီမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကာ လိုအပ်သည်များ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနယ်မြေတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Recent News