SSA (ဝမ္ဟိုင္း)အဖဲြ႔၏ ပစ္ခတ္မႈေၾကာင့္ အျပစ္မဲ့အရပ္သားတစ္ဦး ေသဆံုး၊ သံုးဦးအား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္ 

SSA (ဝမ္ဟိုင္း)အဖဲြ႔၏ ပစ္ခတ္မႈေၾကာင့္ အျပစ္မဲ့အရပ္သားတစ္ဦး ေသဆံုး၊ သံုးဦးအား အေၾကာင္းမဲ့ ဖမ္းဆီးေခၚေဆာင္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁ 

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မုိင္းရယ္ၿမိဳ႕နယ္၊ နားဖ်ဳိင္းေက်းရြာအုပ္စု၊ နားမံုေက်းရြာသို႔ ေအာက္တိုဘာ ၁ဝ ရက္ နံနက္ ၁၁ နာရီ ၁၅ မိနစ္ခန္႔တြင္ SSA (ဝမ္ဟိုင္း)အဖဲြ႕မ်ား ေရာက္ရွိလာၿပီး ေက်းရြာအတြင္း မူးယစ္ေဆးဝါး သံုးစြဲေနသူမ်ားအား လိုက္လံ ဖမ္းဆီးျခင္း၊ ထြက္ေျပး တိမ္းေရွာင္ေနသူမ်ားအား လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ဖမ္းဆီးျခင္းေၾကာင့္ အဆိုပါေက်းရြာမွ စိုင္းဖုန္းေက်ာ္(ဘ)ဦးစိုင္းဟန္သည္ လက္နက္ငယ္ ထိမွန္ဒဏ္ရာျဖင့္ ေသဆံုးခဲ့ေၾကာင္း သိရသည္။ ထုိ႔ျပင္ SSA (ဝမ္ဟိုင္း)အဖဲြ႕မ်ားက အဆိုပါေက်းရြာမွ အုိက္အြမ္(ဘ)ဦးမင္းဟန္ အပါအဝင္ အျပစ္မဲ့ အရပ္သားသံုးဦးအား ေက်းရြာ၏ အေနာက္ဘက္သို႔ အေၾကာင္းမဲ့ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သိရွိရသည္။ အဆိုပါ ေနရာတစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမလံုၿခံဳေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

SSA (ဝမ်ဟိုင်း)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားတစ်ဦး သေဆုံး၊ သုံးဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ နားဖျိုင်းကျေးရွာအုပ်စု၊ နားမုံကျေးရွာသို့ အောက်တိုဘာ ၁ဝ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် SSA (ဝမ်ဟိုင်း)အဖွဲ့များ ရောက်ရှိလာပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူများအား လိုက်လံ ဖမ်းဆီးခြင်း၊ ထွက်ပြေး တိမ်းရှောင်နေသူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် အဆိုပါကျေးရွာမှ စိုင်းဖုန်းကျော်(ဘ)ဦးစိုင်းဟန်သည် လက်နက်ငယ် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် SSA (ဝမ်ဟိုင်း)အဖွဲ့များက အဆိုပါကျေးရွာမှ အိုက်အွမ်(ဘ)ဦးမင်းဟန် အပါအဝင် အပြစ်မဲ့ အရပ်သားသုံးဦးအား ကျေးရွာ၏ အနောက်ဘက်သို့ အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ အဆိုပါ နေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News