နမ္႕ခမ္းၿမိဳ႔နယ္ အတြင္း လက္နက္ ကိုင္ေဆာင္ထားသည္႕ အမည္မသိ လူသံုးဦး ပစ္ခတ္မႈေၾကာင္႕ အမ်ဳိးသမီး တစ္ဦး ဒဏ္ရာရရွိ 

နမ္႕ခမ္းၿမိဳ႔နယ္ အတြင္း လက္နက္ ကိုင္ေဆာင္ထားသည္႕ အမည္မသိ လူသံုးဦး ပစ္ခတ္မႈေၾကာင္႕ အမ်ဳိးသမီး တစ္ဦး ဒဏ္ရာရရွိ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁ 

 

ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ နမ့္ခမ္းၿမိဳ႕ ျပည္သူ႔ေဆး႐ံုသို႔ ေအာက္တိုဘာ ၁ဝ ရက္ ည ၁ဝ နာရီခန္႔တြင္ ေသနတ္ဒဏ္ရာျဖင့္ အမ်ဳိးသမီးလူနာတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ နယ္ေျမခံတပ္မွ တာဝန္ရွိသူမ်ားက သြားေရာက္စိစစ္ရာ နမ့္ခမ္းၿမိဳ႕ေန မခမ္းမုိင္း(ဘ) ဦးအိုက္ပီးျဖစ္ၿပီး ၎သည္ နမ့္ခမ္းၿမိဳ႕အထြက္ရွိ ေလယာဥ္ကြင္း အေဟာင္းေနရာ၌ ည ၉ နာရီ ၄၅ မိနစ္ ခန္႔တြင္ ၎၏မိတ္ေဆြျဖစ္သူႏွင့္ အတူ ရွိေနစဥ္ လက္နက္ငယ္မ်ား ကိုင္ေဆာင္ထားသည့္ အမည္မသိ လူသံုးဦး ေရာက္ရွိလာၿပီး ကားမွန္တံခါးအား လာေခါက္သျဖင့္ ေၾကာက္လန္႔၍ ေမာင္းႏွင္ထြက္ေျပးသြားစဥ္ ၎တို႔သံုးဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ မခမ္းမုိင္းတြင္ လက္နက္ငယ္ထိမွန္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။ အဆိုပါေနရာ တစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမလံုၿခံဳေရးႏွင့္ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

နမ့်ခမ်းမြို့နယ် အတွင်း လက်နက် ကိုင်ဆောင်ထားသည့် အမည်မသိ လူသုံးဦး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိ 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်တိုဘာ ၁ဝ ရက် ည ၁ဝ နာရီခန့်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသမီးလူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်စိစစ်ရာ နမ့်ခမ်းမြို့နေ မခမ်းမိုင်း(ဘ) ဦးအိုက်ပီးဖြစ်ပြီး ၎င်းသည် နမ့်ခမ်းမြို့အထွက်ရှိ လေယာဉ်ကွင်း အဟောင်းနေရာ၌ ည ၉ နာရီ ၄၅ မိနစ် ခန့်တွင် ၎င်း၏မိတ်ဆွေဖြစ်သူနှင့် အတူ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အမည်မသိ လူသုံးဦး ရောက်ရှိလာပြီး ကားမှန်တံခါးအား လာခေါက်သဖြင့် ကြောက်လန့်၍ မောင်းနှင်ထွက်ပြေးသွားစဉ် ၎င်းတို့သုံးဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မခမ်းမိုင်းတွင် လက်နက်ငယ်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News