


 


 

(Unicode Version)

 

ပင်လောင်းမြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိတ္ထီလာမြို့ရှိ တင့်ကားတပ်ရင်းနှင့် လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်သို့ သွားရောက်လေ့လာ 

နေပြည်တော် အောက်တိုဘာ ၁၁ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေသော တက္ကသိုလ်လေ့ကျင့် ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့တွင် မိတ္ထီလာမြို့ရှိ တင့်ကား တပ်ရင်းနှင့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ပြခန်းများနှင့် လက်တွေ့သရုပ်ပြ မောင်းနှင်မှုများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News