လာအိုတပ္မေတာ္ ခ်စ္ၾကည္ေရး အားကစားအဖြဲ႔ ေနျပည္ေတာ္မွ ျပန္လည္ထြက္ခြာ 

လာအိုတပ္မေတာ္ ခ်စ္ၾကည္ေရး အားကစားအဖြဲ႔ ေနျပည္ေတာ္မွ ျပန္လည္ထြက္ခြာ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၁ 

 

လာအိုတပ္မေတာ္ ခ်စ္ၾကည္ေရး အားကစားအဖြဲ႕ ေခါင္းေဆာင္ Brigadier General PHANSENG BOUNPHANH ဦးေဆာင္ေသာ အဖြဲ႕သည္ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္မွ ျပန္လည္ထြက္ခြာရာ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမွဴး ဗုိလ္မွဴးႀကီးစိုးၫြန္႔ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ လာအိုဒုတိယ စစ္သံမွဴး Lieutenant Colonel LATSAMY KEOMIXAYတို႔က ပို႔ေဆာင္ ႏႈတ္ဆက္ၾကသည္။ လာအိုတပ္မေတာ္ ခ်စ္ၾကည္ေရး အားကစားအဖြဲ႕သည္ ေနျပည္ေတာ္သို႔ ေရာက္ရွိစဥ္ ျမန္မာ့တပ္မေတာ္ ပိုက္ေက်ာ္ျခင္းအသင္း၊ ေဘာလံုးအသင္းတို႔ျဖင့္ ေအာက္တိုဘာ ၉ ရက္က ေဇယ်ာသီရိ အားကစားကြင္း၌ ျမန္မာ-လာအို တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရး အားကစားၿပိဳင္ပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ေနျပည္ေတာ္ရွိ အထင္ကရေနရာမ်ားသို႔ ေလ့လာေရး ခရီးသြားေရာက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

လာအိုတပ်မတော် ချစ်ကြည်ရေး အားကစားအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ 

နေပြည်တော် အောက်တိုဘာ ၁၁ 

လာအိုတပ်မတော် ချစ်ကြည်ရေး အားကစားအဖွဲ့ ခေါင်းဆောင် Brigadier General PHANSENG BOUNPHANH ဦးဆောင်သော အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးစိုးညွန့်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုဒုတိယ စစ်သံမှူး Lieutenant Colonel LATSAMY KEOMIXAYတို့က ပို့ဆောင် နှုတ်ဆက်ကြသည်။ လာအိုတပ်မတော် ချစ်ကြည်ရေး အားကစားအဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိစဉ် မြန်မာ့တပ်မတော် ပိုက်ကျော်ခြင်းအသင်း၊ ဘောလုံးအသင်းတို့ဖြင့် အောက်တိုဘာ ၉ ရက်က ဇေယျာသီရိ အားကစားကွင်း၌ မြန်မာ-လာအို တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး အားကစားပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာရေး ခရီးသွားရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News