ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင္႕ၾကည္႕ေရး ေကာ္မတီ (JMC-S) ႏွင့္ ေဒသခံျပည္သူမ်ား ေတြ႕ဆံု 

ေနျပည္ေတာ္ စက္တင္ဘာ ၂၃ 

 

ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S )ဥကၠ႒ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သန္းလႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂၂ ရက္ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေမာက္မယ္ၿမိဳ႕၊ ဖာစန္းေက်းရြာရွိ ေဒသခံ ျပည္သူမ်ားႏွင့္ ေတြ႕ဆံုျခင္းကို အဆိုပါ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ ျပဳလုပ္သည္။ 

 

ဦးစြာ ေကာ္မတီဥကၠ႒ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ေကာ္မတီအဖြဲ႕ဝင္မ်ားက ေကာ္မတီ၏ လုပ္ငန္းစဥ္မ်ား၊ လိုက္နာ ေစာင့္ထိန္းရမည့္ က်င့္ဝတ္ႏွင့္ စည္းကမ္းမ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ၾကၿပီး ေဒသခံ ျပည္သူမ်ားက သိရွိလိုသည္မ်ား ျပန္လည္ေမးျမန္းခဲ့ရာ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားက ျပန္လည္ရွင္းလင္း ေျဖၾကားသည္။ 

 

ထို႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဖာစန္းေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲအရိႏၵမအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) နှင့် ဒေသခံပြည်သူများ တွေ့ဆုံ 

နေပြည်တော် စက်တင်ဘာ ၂၃ 

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S )ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့၊ ဖာစန်းကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခြင်းကို အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။ 

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ကော်မတီ၏ လုပ်ငန်းစဉ်များ၊ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံ ပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဖာစန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တအရိန္ဒမအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News