




(Unicode Version)

ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော်  အောက်တိုဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက် ရောက်ဆေးကုသမှု ခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများကို ယနေ့နံနက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့်အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု၍   တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေး ထားမှုနှင့်  ကျန်းမာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News