




(Unicode Version)

ရပ်စောက်မြို့နယ်၊ ဆင်သေကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   အောက်တိုဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ၁၆၆ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News