





(Unicode Version)

ခနီ်္တးခရိုင်နှင့် ခန်္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန်္တီးခရိုင်နှင့် ခန်္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက် ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့က  ခန်္တီးမြို့၊ မြို့မရပ်ကွက်၊    ပြည်သူ့ ဝန်ဆောင်မှုရုံး၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ရဲတပ်ဖွဲ့ဝင် ၆၀ ဦးနှင့် မိသားစုဝင် ၄၅ ဦးတို့အား အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊  ဆီးနှင့်ကျောက်ကပ်ရောဂါ၊  ဆီးချိုရောဂါ၊  အရိုး/ အကြော ရောဂါ၊  အရေပြားရောဂါ၊  မျက်စိရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့်  နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ငါးဦးကို ခနီ်္တးမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများက တပ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များမှထွက်ရှိသော  ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ရဲတပ်ဖွဲ့ဝင်မိသားစုများထံသို့ ဒေသပေါက်ဈေးထက်    သက်သာသော ဈေးနှုန်းများဖြင့်  ရောင်းချ ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။     

Recent News