အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္၏ ဒုတိယအႀကိမ္ေျမာက္ မီွခိုသူသား၊သမီးမ်ား ဗုဒၶေဒသနာေတာ္ရြတ္ဆိုမႈ အေကာင္းဆံုး ေရြးခ်ယ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္၏ ဒုတိယအႀကိမ္ေျမာက္ မီွခိုသူသား၊သမီးမ်ား ဗုဒၶေဒသနာေတာ္ရြတ္ဆိုမႈ အေကာင္းဆံုး ေရြးခ်ယ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၆

အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၏ ဒုတိယအႀကိမ္ေျမာက္ မွီခိုသူ သား၊ သမီးမ်ား ဗုဒၶေဒသနာေတာ္ ရြတ္ဆိုမႈ အေကာင္းဆံုးေရြးခ်ယ္ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔မြန္းလြဲပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ သႏိၲသုခဓမၼာ႐ံု၌ ျပဳလုပ္ရာ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇာတိကာ႐ံု ေက်ာင္းတိုက္ဆရာေတာ္ ႏိုင္ငံေတာ္သံဃနာယက အဖြဲ႕ဝင္ အဂၢမဟာဂႏၴဝါစကပ႑ိတ ဘဒၵႏၲစေႏၵာဘာသအမွဴးျပဳေသာ သံဃာေတာ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တိုင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ၿပိဳင္ပြဲဝင္မီွခိုသူ သား၊ သမီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ေဇာတိကာ႐ံုေက်ာင္းတိုက္ ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္  သံဃာေတာ္မ်ားႏွင့္  သာသနာ့အႏြယ္ဝင္ သီလရွင္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းသည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ေဇာတိကာ႐ံုေက်ာင္းတိုက္ ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

အဆိုပါမီွခိုသူ သား၊ သမီးမ်ား ဗုဒၶေဒသနာေတာ္ရြတ္ဆုိမႈ အေကာင္းဆံုးေရြးခ်ယ္ၿပိဳင္ပြဲကို တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္ အသင္း၂၃ သင္းျဖင့္ ေအာက္တိုဘာ ၁၉ ရက္အထိ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ဒုတိယအကြိမ်မြောက် မှီခိုသူသား၊သမီးများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် အောက်တိုဘာ ၁၆

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ဒုတိယအကြိမ်မြောက် မှီခိုသူ သား၊ သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံးရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇောတိကာရုံ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်မှီခိုသူ သား၊ သမီးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇောတိကာရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်  သံဃာတော်များနှင့်  သာသနာ့အနွယ်ဝင် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇောတိကာရုံကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အဆိုပါမှီခိုသူ သား၊ သမီးများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုမှု အကောင်းဆုံးရွေးချယ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း၂၃ သင်းဖြင့် အောက်တိုဘာ ၁၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News