ၿမိတ္ၿမိဳ႕နယ္၊ လြတ္လြတ္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ၿမိတ္ၿမိဳ႕နယ္၊ လြတ္လြတ္ေက်းရြာရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ေအာက္တိုဘာ  ၁၆

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ လြတ္လြတ္ေက်းရြာရွိ ေဒသခံျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖဲြ႕က အဆိုပါ ေက်းရြာရွိ အေျခခံပညာမူလတန္းေက်ာင္း၌   က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံျပည္သူစုစုေပါင္း ၁ဝ၆ ဦးအား ေသြးတိုးေရာဂါ၊ ဖ်ားနာေရာဂါ၊ ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အဆုတ္ေရာဂါ၊ အေရျပားေရာဂါ၊ အစာအိမ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးေပးျခင္း၊ ဆီးခ်ဳိ၊ ေသြးခ်ဳိစစ္ေဆးေပးျခင္း စသည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မြိတ်မြို့နယ်၊ လွတ်လွတ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ လွတ်လွတ်ကျေးရွာရှိ ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူစုစုပေါင်း ၁ဝ၆ ဦးအား သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အဆုတ်ရောဂါ၊ အရေပြားရောဂါ၊ အစာအိမ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News