ေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ား ရတနာစံ ေက်ာင္းေတာ္၀င္ပြဲ ျပဳလုပ္

ေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ား ရတနာစံ ေက်ာင္းေတာ္၀င္ပြဲ ျပဳလုပ္

ေနျပည္ေတာ္   ေအာက္တိုဘာ   ၁၆

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဒသရွိ အင္းေလးေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ား အင္းေလး ေဒသ ၂၁ ဌာနသို႔ ႂကြခ်ီအပူေဇာ္ခံၿပီး မူလကိန္း၀ပ္စံပယ္ေတာ္ မူသည့္ ရတနာစံ ေက်ာင္းေတာ္သို႔ ျပန္လည္ ႂကြ၀င္ေတာ္မူျခင္းကို  ယေန႔နံနက္ပုိင္းတြင္ျပဳလုပ္ရာ  ရွမ္းျပည္နယ္တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္၊ အေရွ႕ပုိင္းတုိင္း စစ္ဌာ နခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ျပည္နယ္၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာမ်ား၊ လူမႈေရး အသင္း အဖြဲ႕မ်ား၊  ေဒသခံ တုိင္းရင္းသားျပည္သူမ်ား၊ ဘုရားဖူး ျပည္သူမ်ားႏွင့္ ႏုိင္ငံျခားခရီးသြားဧည့္သည္မ်ား တက္ေရာက္ ၾကသည္။

ဦးစြာ ျပည္နယ္တရားသူႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက ဟဲယာရြာမေက်းရြာမွ ကရ၀ိက္ေဖာင္ ေတာ္ျဖင့္ ပင့္ေဆာင္လာေသာ အင္းေလးေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ားအား မူလကိန္း၀ပ္စံပယ္ေတာ္မူသည့္ ရတနာစံေက်ာင္းေတာ္ သုိ႔ ေရႊေ၀ါယာဥ္မ်ားျဖင့္ ပင့္ေဆာင္ေတာ္မူၾကၿပီး ေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ားအား  ဆြမ္း၊ ပန္း၊ ေရခ်မ္းမ်ား ကပ္လွဴ ပူေဇာ္ၾကသည္။

ထုိ႔ေနာက္ ျပည္နယ္တရားသူႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက  နမ့္ဟူးဘုန္းေတာ္ႀကီးေက်ာင္း၌ ႏုိင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕  ဒုတိယ ဥကၠ႒  အဘိဓဇ မဟာရ႒ဂု႐ု ေညာင္ေရႊၿမိဳ႕နယ္၊ မုိင္းေသာက္ ပထမ စာသင္ တုိက္ႀကီး၏  ဦးစီး ပဓာနနာယက ဆရာေတာ္ ဘဒၵႏၱ သုမဂၤလာ ဘိ၀ံသထံမွ ငါးပါးသီလ ခံယူေဆာက္ တည္ၾကၿပီး သံဃာေတာ္မ်ားအား လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ ျပည္နယ္ တရားသူႀကီးခ်ဳပ္၊ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက အင္းေလး ေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ ျမတ္မ်ား ေက်ာင္းေဆာင္ပြဲ၌ျပဳလုပ္သည့္ အင္းသား႐ိုးရာ ေလွေလွာ္ၿပိဳင္ပြဲအား ၾကည့္႐ႈ အားေပးၾကၿပီး တစ္ဦးခ်င္း ေလွေလွာ္ၿပိဳင္ပြဲ၊ ၂၆ တက္ အမ်ဳိးသမီးေလွေလွာ္ၿပိဳင္ပြဲ၊ ၄၆တက္ အမ်ဳိးသားေလွေလွာ္ၿပိဳင္ပြဲႏွင့္ အမ်ဳိး သား ရာေက်ာ္ ေလွေလွာ္ၿပိဳင္ပြဲတုိ႔တြင္ ဆုရရွိၾကေသာ ေက်းရြာကုိယ္စားျပဳ အင္းသား႐ိုးရာ ေလွေလွာ္ၿပိဳင္ပြဲ၀င္ အသင္း မ်ားအား ဆုမ်ား အသီးသီး ေပးအပ္ၾကသည္။

အဆုိပါ အင္းေလး ေဖာင္ေတာ္ဦး ဗုဒၶ ႐ုပ္ရွင္ေတာ္ျမတ္မ်ားအား  စက္တင္ဘာ ၂၉ရက္မွစတင္၍ အင္းေလးေဒသ ၂၁ ဌာနသုိ႔ ေဒသစာရီ လွည့္လည္ႂကြခ်ီ အပူေဇာ္ခံကာ ယေန႔တြင္ မူလကိန္း၀ပ္ စံပယ္ရာ ရတနာစံ ေက်ာင္းေတာ္သို႔ ျပန္လည္ ႂကြ၀င္ ခဲ့ျခင္းျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော်မြတ်များ ရတနာစံ ကျောင်းတော်ဝင်ပွဲ ပြုလုပ်

နေပြည်တော်   အောက်တိုဘာ   ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော်မြတ်များ အင်းလေး ဒေသ ၂၁ ဌာနသို့ ကြွချီအပူဇော်ခံပြီး မူလကိန်းဝပ်စံပယ်တော် မူသည့် ရတနာစံ ကျောင်းတော်သို့ ပြန်လည် ကြွဝင်တော်မူခြင်းကို  ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ  ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ၊  ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဘုရားဖူး ပြည်သူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ်တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဟဲယာရွာမကျေးရွာမှ ကရဝိက်ဖောင် တော်ဖြင့် ပင့်ဆောင်လာသော အင်းလေးဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော်မြတ်များအား မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော် သို့ ရွှေဝေါယာဉ်များဖြင့် ပင့်ဆောင်တော်မူကြပြီး ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော်မြတ်များအား  ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ကြသည်။

ထို့နောက် ပြည်နယ်တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက  နမ့်ဟူးဘုန်းတော်ကြီးကျောင်း၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဒုတိယ ဥက္ကဋ္ဌ  အဘိဓဇ မဟာရဋ္ဌဂုရု ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ပထမ စာသင် တိုက်ကြီး၏  ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ် တရားသူကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းလေး ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော် မြတ်များ ကျောင်းဆောင်ပွဲ၌ပြုလုပ်သည့် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲအား ကြည့်ရှု အားပေးကြပြီး တစ်ဦးချင်း လှေလှော်ပြိုင်ပွဲ၊ ၂၆ တက် အမျိုးသမီးလှေလှော်ပြိုင်ပွဲ၊ ၄၆တက် အမျိုးသားလှေလှော်ပြိုင်ပွဲနှင့် အမျိုး သား ရာကျော် လှေလှော်ပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျေးရွာကိုယ်စားပြု အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲဝင် အသင်း များအား ဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ အင်းလေး ဖောင်တော်ဦး ဗုဒ္ဓ ရုပ်ရှင်တော်မြတ်များအား  စက်တင်ဘာ ၂၉ရက်မှစတင်၍ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည်ကြွချီ အပူဇော်ခံကာ ယနေ့တွင် မူလကိန်းဝပ် စံပယ်ရာ ရတနာစံ ကျောင်းတော်သို့ ပြန်လည် ကြွဝင် ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News